Thursday, June 28, 2012

NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ

နေမျိုး

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အောင်နိုင်ရေးအတွက် အကူအညီပေးခဲ့သူ ဒက္ခိဏသီရိမြို့နယ်မှ သား အဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ အရေး ပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရား စွဲဆိုထား သည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာသား ဦးစံအေးနှင့် သားဖြစ်သူ ကိုနေခြည်ဦး တို့သည် ရွေးကောက်ပွဲ ကာလ အ တွင်း အသံချဲ့စက် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား မေလ ၁၁ ရက်နေ့တွင် ရာအိမ်မှူးမှ တရားလိုပြု၍ ရဲစခန်းတွင် တိုင်ချက် ဖွင့် စွဲဆို ခဲ့ခြင်း ဖြစ်သည်။

ကျေးရွာလူထုအနေဖြင့် ရပ်ရွာ သာရေး၊ နာရေးနှင့် အခြားကိစ္စရပ်များတွင် အသံချဲ့စက် အသုံးပြုလေ့ ရှိသည့် ကျေးရွာ တရွာဖြစ်ပြီး ရပ် ရွာအ တွင်း အမှန်တကယ် ထိန့်လန့်ခြင်း မရှိဘဲ သားအဖ နှစ်ဦးအား အငြိုးအတေးဖြင့် တရားစွဲဆိုခံနေရကြောင်း ဒက္ခိဏသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း က ပြောသည်။

“ဥပဒေဆိုတာ အငြိုးတွေ၊ အာဃာသတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ပေးထားတဲ့ အရာ မဟုတ်ဘူး။ လူထုကို အကာ အကွယ် ပေးရတာပဲ ဖြစ်ရမယ်။ ဥပဒေကို အလွဲသုံးစား လုပ်ပြီးတော့ ကိုယ်မကျေနပ်တဲ့သူကို တ ရားစွဲတာ အဓိပ္ပါယ်မရှိဘူး။ ဒီလိုမျိုး လုပ်တယ် ဆို တာတိုင်းပြည် ဖွံ့ဖြိုးလာဖို့ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကျောင်းသား၊ ကျောင်းသူများအား အကူအညီပေးရန် အသံချဲ့စက် အသုံးပြု၍ စာရင်းတောင်းခံခဲ့သည့် ကိုစံ အေးတို့ သားအဖအား ဇွန်လ ၁၄ ရက်တွင် ထိုမြို့နယ်တရားရုံးမှ စတင်စစ်ဆေး ကြားနာခဲ့သည်။

ပုဒ်မအရ အာမခံ မရဘဲ ရက်ပေါင်း ၄ဝ ကျော် ချုပ်နှောင်ခံထားရာမှ ဇွန် ၂၇ ရက်နေ့တွင် ဒုတိယ အကြိမ်အဖြစ် မြို့နယ်တရားသူကြီး ဦး မြ သိန်းမှ စစ်ဆေးကြားနာခဲ့သည်။

တရားလိုပြ သက်သေများ ခိုင်မာခြင်းမရှိဘဲ တရားစွဲသူမှာလည်း တခြားရွာမှ ရာအိမ်မှူးဖြစ်ကြောင်း ဦးစံအေးတို့ဘက်မှ လိုက်ပါ ဆောင် ရွက် နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။

“အဓိပ္ပါယ်ကတော့ ကျေးရွာလူထုကို အထိတ်တလန့် ဖြစ်စေအောင်လို့ အသံချဲ့စက်နဲ့ အော်တာ ပေါ့။ ဒီဥပဒေနဲ့ စွဲတာကတော့ မတရားဘူး။ တ ရားလိုပြ သက်သေ နှစ်ယောက်က တရားလိုကို ထောက်ခံပြီး ထွက်ဆို မသွားတာတွေ့ရပါတယ်။ ဥပဒေ စကားအရ Hear Say (တဆင့် ကြားပြော)ပဲ။ အခုလိုပုံစံမျိုးက စွဲချက်တင်ဖို့တောင် ခက်ပါတယ်။ တရားသူကြီးက Fair (မျှတ) ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါပုဒ်မ ၅ (ဃ)သည် ပြစ်ဒဏ်ကျခံရမည်ဆိုပါက ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး အာမခံ မပေးသည့် ပုဒ်မ အမျိုးအစားဖြစ်ကာ ရွည်ရွယ် ချက် ရှိရှိ စွဲဆိုတာဖြစ်ကြောင်း “ထူးခြားတာက NLD အဖွဲ့ဝင်တွေကို ထိတ်လန့်သွားအောင် လုပ်ငန်း တွေ နောက်ဆုတ်သွားအောင်၊ ရှေ့တိုးပြီး မ လုပ်ရဲအောင်၊ ဟန့်တားချင်တဲ့ အပြုအမူလို့ ကျမက မြင်တယ်။ ပုဒ်မက အာမခံမပေးတဲ့၊ ပြစ် ဒဏ်မြှင့်တဲ့ ပုဒ်မ မျိုး တပ်ထားတာ။ အစိုးရ တာဝန်ရှိသူတယောက်က ဖွင့်တဲ့အမှု ဖြစ်နေတယ်” ဟု ရှေ့နေကြီး ဒေါ်စန်း စန်းမြင့် က ဆိုသည်။

အမှုအား တတိယ ရုံးချိန်အဖြစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကြားနာရန် ထပ်မံဆင့်ခေါ်ထားကြောင်း သိရသည်။

No comments: