Saturday, June 30, 2012

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဘင်္ဂလာသို့ ယနေ့ရောက်မည်

နိရဉ္စရာ

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သူ၏ သုံးရက်ကြာ ခရီးစဉ်ကို စတင်ရန် ယနေ့တွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြို့တော် ဒက္ကားကို ရောက်ရှိလာမည် ဖြစ်သည်။

ဦးမောင်မြင့်သည် နှစ်နိုင်ငံ အကြား ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့အကြား ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ အစည်းအဝေးသို့ တက် ရောက် ရန် ရောက်ရှိလာမည် ဖြစ်သည်။

ယခု အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ရောက်ရှိနေသောမွတ်ဆလင် ဒုက္ခသည်များအား မြန်မာသို့ ပြန်ပို့ရေး ကိစ္စကို အဓိက အလေးထားဆွေးနွေးမည်ဟု ဆိုသည်။ ယူအန် အသိအမှတ်ပြု မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀ ကိုသာမက မြန်မာ နိုင်ငံ သား ဖြစ် ကြောင်း သက်သေအထောက်အထား တစ်စုံတရာ မရှိဘဲ သူတို့ အခေါ် Undocumented Refugees သုံးသိန်းခန့်အား လည်း မြန်မာသို့ ပြန်ပို့ရေး ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့က ဆိုသည်။

၎င်း ဒုက္ခသည် အရေး ကိစ္စမှာ ယခု ပြုလုပ်မည့် အစည်းအဝေးတွင် လွှမ်းမိုးနေဖွယ်ရှိကြောင်း ဘင်္ဂလာာဒေခ်ျ့ ထုတ် သတင်းစာများက ရေး သားဖေါ်ပြသည်။

၎င်းပြင် စွမ်းအင်ဆိုင်ရာနှင့် ဆက်သွယ်ရေး ကားလမ်းမ ဖေါက်လုပ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သောဆူပူ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်ပြီးလည်း ယခု အစည်းအဝေးတွင် ဆွေးနွေးကြ မည် ဖြစ် သလို သမ္မတကြီး ဦးသိန်းစိန်၏ ဘင်္ဂလာဒေခခ်ျ့ ခရီးစဉ်နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးကြမည် ဟုဆိုသည်။

မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လာရောက်လည်ပတ်ရန် စီစဉ်ထား သော်လည်း မြန်မာ နိုင်ငံတွင် ပြဿနာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်နေသဖြင့် ယခုသတ်မှတ်ထားသော အချိန်ကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရ နိုင်ကြောင်း ဘင်္ဂလာဘက်က ပြောသည်။

No comments: