Saturday, June 30, 2012

အတင်းအကြပ်စစ်သားစုဆောင်းခံရသည့်သားအတွက် မိဘများ (HRDP)အဖွဲ့ထံ အ ကူအညီတောင်း

ရိုးမ ၃

လုပ်ငန်းခွင်ဝင်ရာမှ ၂၀၁၀ ခုနှစ်က စစ်သားအဖြစ်စုဆောင်းခံခဲ့ရတဲ့ သားဖြစ်သူ မောင်နိုင်လင်းအောင်နဲ့ အဆက်အသွယ်ရဖို့ လူအခွင့် အရေး ကာကွယ်မြှင့်တင် သူ များကွန်ယက် (HRDP) အဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စံ ကင်းကျေးရွာနေ မိဘဖြစ်သူ ဦးကျော်စိုး၊ ဒေါ်တင်တင်နွဲ့တို့က အခုလ ၂၇ ရက် နေ့က စာရေးသား အကူအညီတောင်းခံခဲ့သည်။

မောင်နိုင်လင်းအောင် အသက် (၂၀) အရွယ်ဟာ အလုပ်အကိုင်ရှာဖွေရင်း (၂၀ ၁၀) ခုနှစ်က စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၁ ခု နှစ်မှာ မိဘဖြစ်သူ များထံ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း က တပ်ရေးဗိုလ်ကြီးက မောင်နိုင်လင်းအောင်ရဲ့ လစာစရိတ်နှင့် ငွေကြေး အကျိုး ခံစားခွင့် အတွက် အမွေခံ မိဘများထံ စာရေးသားပြီး မှတ်ပုံတင် အထောက် အ ထားတောင်းခံသည့်စာပေးပို့လာသည့်အတွက် တပ်ထဲတွင် မိမိတို့သား စစ်သား ဖြစ်နေကြောင်း သိရှိခဲ့ရတာဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦး ကျော်စိုးက ပြော သည်။

“ကျနော့်သားပျောက်သွားတာ တနှစ်နီးပါကြာမှ တပ်က အမွေခံခွင့်အတွက် ကျ နော်တို့ဆီ မှတ်ပုံ တင်မိတ္တူ စာရေးတောင်းလို့ သားက ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့ အမှတ် (၉၀၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှာ ကိုယ်ပိုင် အ မှတ် တ- ၄၃၀၈၂၇ နဲ့ တပ်သား အဖြစ် စစ်မှုထမ်း နေရတယ် ဆိုတာကို သိတာ။ ကျနော် တို့ အဲဒီ တပ်ရင်းကို ဖုန်းနဲ့ရော စာရေး ပြီးရော သားကို ဆက်သွယ်တာ သားနဲ့ အဆက် အသွယ် မရဘူး ဖြစ်နေတယ်” ဟုပြောသည်။

မိဘဖြစ်သူများအနေဖြင့် သားဖြစ်သူ မောင်နိုင်လင်းအောင်ကို စစ်တပ်တွင်းမှာ တာဝန်မထမ်းဆောင်လိုပဲ အဆက်အသွယ်လုပ်ပြီး မိဘ များ နှင့်အတူ ပြန်လည်နေထိုင်ခွင့်ရရှိဖို့အတွက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ကို အကူအညီ တောင်းခံ ရခြင်း ဖြစ်ကြောင်း ပြောသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက်အနေဖြင့် ဆန္ဒမပါဘဲ အတင်းအကြပ်စစ်တပ်တွင်း စစ်မှုထမ်းခိုင်းစေခြင်းမှ မောင်နိုင် လင်း အောင်လွတ်မြောက်ပြီး မိဘများထံ ပြန်လည်ရောက်ရှိရေးအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO)အဖွဲ့ထံ အကြောင်းကြားပြီး ကြိုးပမ်း လုပ် ဆောင်နေကြောင်း သိရသည်။

No comments: