Monday, June 25, 2012

မန္တလေးမြို့ ရှမ်းသာရေးနာရေး အသင်းမှာ ဆန္ဒပြမှု ဖြစ်ပွား

ကော့လီ

မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတိုက် ဝင်းအတွင်းမှာ ရှမ်းအမျိုးသား သုံးဦးဟာ “ရှမ်းအသင်းမြေအား လက်ဝါးကြီး အုပ် ခြယ်လှယ်နေသော လူတစ်စုသာ ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ သာရေးနာ ရေးအသင်းအား အလိုမရှိ” ဆိုတဲ့ ပိုစတာတွေ ကိုင် ဆောင် ကာ ဇွန်လ ၂၄ ရက်နေ့က ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဆန္ဒပြသူ တစ်ဦး ဖြစ်တဲ့ စိုင်းဇင်မင်းအေး က – အဓိက ကတော့ အခု ရှမ်းတိုင်းရင်းသားများ သာ ရေးနာရေးအသင်းဟာ မန္တလေးမြို့မှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေ အားလုံး ပါဝင်ခွင့်မရတဲ့၊ အားလုံးကို ကိုယ်စားမပြုနိုင်တဲ့ အသင်း ဖြစ်နေတယ်။ မန္တလေးမြို့မှာ ရှမ်းတိုင်းရင်းသား အိမ်ခြေပေါင်း တစ်ထောင်နီးနီးရှိပေမယ့် အိမ်ခြေနှစ်ရာလောက်ပဲ အသင်းဝင် ဖြစ်နေ တော့ အသင်းမှာ ဘာတိုးတက်မှု မရှိဘူး။ ရှိတဲ့ အသင်းဝင်တွေတောင် တဖြည်းဖြည်းနဲ့ အသင်းနဲ့ ဝေးကွာလာတယ်။ စာပေယဉ် ကျေးမှု လုပ်ငန်း တွေကိုလည်း အားမပေးဘူး။ ငွေစာရင်းနဲ့ ပတ်သက်လို့လည်း ဘယ်တော့မှ အများကို ရှင်းလင်းပြတာ မရှိဘူး။ ပြီး တော့ လူတစ်စုကပဲ အ သင်းကို ၁၆ နှစ်လောက်ကြာအောင် နည်းအမျိုးမျိုးနဲ့ အသင်းနဲ့ အသင်းပိုင် မြေကွက်ကို မောင်ပိုင်စီးပြီး လုပ်ချင် တာ လုပ်နေတယ်။ အသင်း မြေမှုနဲ့ ပတ်သက်လို့လည်း အသင်းသားများရဲ့ ဆန္ဒမပါဘဲ သူတို့ သဘောနဲ့ သူတို့ ထင်ရာစိုင်းပြီး လုပ်နေကြ တယ်။ ဒါကြောင့် ကျနော်တို့ လာပြီး ဆန္ဒပြရတာပါ လို့ ကော့လီ မီဒီယာ ကို ပြောပြပါတယ်။

ဆန္ဒပြခဲ့သူ သုံးဦးမှာ မန္တလေးမြို့နေ လူမှုရေး တက်ကြွလှုပ်ရှားသူ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြတဲ့ စိုင်းဇင်မင်းအေး၊ စိုင်းလောင်လျဲန်း ဆယ်၊ စိုင်းဆိုင်လှိုင်း တို့ဖြစ်ကြပြီး သာရေးနာရေး သင်းလုံးကျွတ် အစည်းအဝေး ကျင်းပတဲ့နေ့ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီကနေ မွန်းလွဲပိုင်း ၁ နာရီကျော်အထိ အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ ရှမ်းသာရေးနာရေးအသင်းမြေကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက် မြို့ကွက်သစ် စီမံ ကိန်း အရ ရရှိရခဲ့ပြီးနောက် မြေအလှူရှင် မိသားစုနဲ့ အသင်း အလုပ်အမှုဆောင်အဖွဲ့တို့ အကြား မြေပိုင်ဆိုင်ရယူလိုမှုနဲ့ ပတ်သက်လို့ နှစ်ပေါင်းများ စွာ ကြာမြင့်အောင် အပြန်အလှန် တရားစွဲဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ အသင်း အလုပ်အမှုဆောင် တချို့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ မန္တလေးမြို့နေ ရှမ်းလူ မျိုးများက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရှမ်းသာရေးနာရေးအသင်း ဒုတိယ ဥက္ကဋ္ဌ စိုင်းနွမ် ဟာ ပြည် ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ် ခဲ့ရာမှာ အနိုင် ရခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

No comments: