Thursday, June 28, 2012

ကော့သောင်းမြို့ရှိ ခြံမြေများ တပ်ပိုင်မြေအဖြစ် သိမ်းဆည်း

ကောင်းဝါ

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာနှင့် ရွှေပြည်စိုးရပ်ကွက်အတွင်းတွင် ရှိသည့် မြေဂရမ်ရှိ ဥယျာဉ်ခြံမြေ ၄၀ ကျော်ကို တပ် မြေအ ဖြစ် သိမ်းယူရန် စစ်တပ်မှ အုတ်တိုင်များ လာရောက် စိုက်ထူထားကြောင်း ဒေသခံများနှင့် ခြံရှင်များက ပြောသည်။

အဆိုပါခြံမြေများကို ဒေသခံ ခလရ (၃၄၂) တပ်ရင်းမှ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဇွန်လ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်း ကော့ သောင်း မြို့ အခြေချ ခမရ (၃၄၂) က မြို့၏ မြောက်ဘက် ရွှေပြည်သာ ရပ်ကွက်ရှိ ခြံရှင် ၅ ဦးပိုင် ရာဘာ၊ အုန်း၊ ကွမ်း၊ သီဟိုဠ် ခြံမြေ များ တွင် အုတ်တိုင်များ လာရောက် စိုက်ထူထားခြင်း ဖြစ်သည်။

“ကော့သောင်းမြို့မှာ ရွှေပြည်သာနဲ့ ရွှေပြည်စိုးရပ်ကွက်ကြားမှာ တပ်နယ်မြေရဲ့ အနောက်ဘက် ခြမ်းပေါ့။ ဒီတောင်သူတွေ စိုက်ထားတဲ့ စိုက် ခင်းတွေကို သူတို့တပ်နယ်မြေ ဆိုပြီးတော့ တိုင်လာစိုက်သွားတယ်” ဟု ဒီမိုက ရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကို သန်းထွန်းက ပြောသည်။

စစ်တပ်မှ တပ်ပိုင်နယ်မြေအဖြစ် သိမ်းယူသည့် ခြံမြေများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက စိုက်ပျိုးလာခဲ့သည့် ခြံမြေ များ ဖြစ်ပြီး၊ ခြံဂရမ်မြေ ပေါက်ကာ နိုင်ငံတော်အစိုးရသို့ နှစ်စဉ်မပျက်မကွက် အခွန်ပေးသွင်းထားသည်ဟု ခြံရှင်တဦးက ပြောသည်။

ခြံပိုင်ရှင်များကို ခြံမှ ဖယ်ရှားရန် ပြောကြားခြင်း မရှိသေးသော်လည်း အပင်များ ထပ်မံစိုက်ပျိုးခြင်း မပြုရန် စစ်တပ်မှ တားဆီး ပိတ်ပင် ထား သည်ဟု ရွှေပြည်သာ ရပ်ကွက်နေ အသိမ်း ဆည်းခံ ခြံရှင် တဦးက ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေဟာ ဒီမှာ အိမ်ဆောက်ပြီး နေကြတယ်ခင်ဗျာ။ ကျနော်တို့ စိုက်လဲ စိုက်ထားပြီးပြီ။ ရော်ဘာအပင် (၅၀၀) လောက် ၀င်သွားပြီခင်ဗျာ။ သိမ်းမယ်ဆိုရင်တော့ ကျနော်တို့က လုပ်နိုင်မဲ့အင်အားက ဘာမှ မရှိ ဘူးခင်ဗျာ့။ ရာဘာစိုက်ထားပြီးတော့ ထပ်မ စိုက်နဲ့ ဆိုတော့ စိုက်ရမလိုလို မစိုက်ရမလိုလို ဖြစ်နေတယ် ကျနော်တို့မှာ” ဟု ခြံ ရှင်က ပြောသည်။

အသိမ်းဆည်းခံ ခြံမြေများသည် လက်ရှိပေါက်ဈေး သိန်း (၁၀၀၀) ကျော် ရှိသည်ဟု ခြံသမားများက ပြောသည်။

ကော့သောင်းမြို့အနီး မြန်မာပိုင် သူဌေးကျွန်းကို ဟိုတယ် ဆောက်လုပ်ရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအား နှစ် ၃၀ ဂရမ်ဖြင့် ငှား ရမ်း ပေးပြီး နောက်တွင် စီးပွားရေး လုပ်ငန်းရှင်များက ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ကော့သောင်းမြို့တွင်းရှိ လမ်းများကို ကတ္တရာ ခင်း ပေးခဲ့ သည့်အတွက် ရွှေပြည်သာ ရပ်ကွက်ရှိ အထက်ပါ ဥယျာဉ်ခြံမြေများမှာလည်း တန်ဖိုးမြင့်လာပြီး စစ်တပ်မှ သိမ်းယူလိုခြင်း ဖြစ် သည်ဟု ဒေသ ခံများ ပြောသည်။

ကော့သောင်းမြို့တွင် ခမရ ၃၄၂၊ ခမရ ၂၆၂၊ ခမရ ၄၃၂၊ လက်နက်ကြီးတပ်နှင့် စစ်ဗျူဟာတို့ အခြေချလျက်ရှိပြီး၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ် ထိ တပ်တည်ရန်အတွက် မြေဧက ၁၅၀ ကျော်ကို သိမ်းယူခဲ့ပြီး ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

ခြံမြေ အသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဇွန်လ ၂၈ ရက်နေ့တွင် ခြံပိုင်ရှင်များက ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏အကူအ ညီ ဖြင့် ဒေသန္တရ အာဏာပိုင်များထံ တင်ပြသွားမည် ဖြစ်ပြီး၊ ပြေလည်မှု မရပါက နိုင်ငံတော် သမတကြီးထံသို့ အဆင့်ဆင့် တင်ပြ သွား မည်ဟု ဆို သည်။

အသိမ်းဆည်းခံ ခြံမြေများအတွက် လျော်ကြေးငွေ ပေးမပေးနှင့် အစားထိုးမြေ ပေးမပေး ဆိုသည့်အပေါ် သဲသဲကွဲကွဲ မသိသေးသည့်အတွက် ခြံရှင်များ အနေနှင့် စိုးရိမ်ပူပန်မှု ဖြစ်ပွားလျက် ရှိသည်ဟု ခြံပိုင်ရှင်များက ပြောသည်။

No comments: