Friday, June 29, 2012

ဒေသခံများအား ပြည်သူ့ ရဲတပ်ဖွဲ့ အရာရှိ အချို့တားဆီး ရိုက်နှက်၍ ငွေညှစ်ယူ

သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် ပုံပကျင်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသည့်ဒေသခံအား ဂိတ်မဟုတ်သည့်နေရာ၌ ရဲသုံးယောက် က တားဆီးငွေညှစ်ယူနေကြောင်း ပုံပါကျင်မှလာသော သတင်းများအရသိရသည်။

“အငှားဆိုင်ကယ်မောင်းတဲ့ လုံးခမ်းလူပေါ့။ ပုံပါကျင်ကအထွက် ကုန်းအဆင်းမှာ ရဲ ၃ ယောက်က သူ့ကို တား ဆိုင်ကယ်ပေါ်ကဆွဲချပြီး ရိုက် တာ။ သူက ဗမာစကားသိပ်မကျွမ်းဘူးလေ။ ပြောရင်းပြောရင်း စကားတွေမပေါက်ကြတော့ ရဲ တွေက သူ့ကိုရိုက်တာ။ တုန့်ဖင့်ရွာ အထွက်လေးမှာပေါ့။ ရွာသားတွေလဲ တွေ့ကြတယ် ။ ဘယ်သူမှအနီးမကပ်ရဲဘူး။ ရဲတွေက လက် နက်တွေနဲ့ကိုး” ဟု အရိုက်ခံရသည့် လုံးခမ်း လူနှင့် အမျိုးေ တ်ာစပ်သူ တဦးက ပြန်လည်ပြောပြသည်။

ယခုလ ၂၆ ရက်က ပုံပါကျင်မှအထွက် ရပ်ကွက် ၅ ရှိ တုန့်ဖင့်ရွာ ကုန်းအဆင်း ဝါးရုံအနီး၌ ဒုရဲအုပ် ဇော်အောင်၊ နောက်လိုက် စိုးဝင်းနှင့် တ ခြားတယောက် စုစုပေါင်း ၃ က အငှားဆိုင်ကယ်မောင်းသမား လုံးခမ်းလူအားတားဆီးစစ်ဆေးကြောင်း၊ ဗမာစကားနားမလည်သဖြင့် တ ကြောင်း၊ ရဲများမှာ ဝါးရုံ အနောက်ဖက် တဲတခုအတွင်းမှ တားသဖြင့် လုံးခမ်းလူမှ၎င်းတို့အားမမြင်ဘဲ ဆိုင်ကယ် မရပ်သည်ကို မထီမဲ့ မြင်ပြု သည်ဟုဆိုကာ ရိုက်နှက်ခြင်းဖြစ်ကြောင်း လုံးခမ်းလူ၏ ပြန်လည်ပြောပြချက်အရ တုန့်ဖင့်ရွာသားများက ပြန်လည်ပြောပြသည်။

“လုံးခမ်းလူကိုရိုက်နေတုန်းက စိုင်းခေးဆိုတဲ့လူငယ်တယောက်ကိုလဲ လက်ထိပ်ခတ်ကြီးနဲ့ တွေ့ရ တယ် ဆိုဘဲ။ ဒီရဲ ၃ ယောက် ဂိတ်မရှိ ဘာမ ရှိဘဲနဲ့ လူထုကိုတမင်သက်သက်စောင့်ညှစ်နေတာ။ ပိုက်ဆံ တောင်း တာပေါ့။ ဘတ်ငွေ ၈၀၀ တောင်းတယ်။ လုံးခမ်းလူက ၅၀၀ ဘဲရှိ တယ်။ ပြောလဲမရဘူး၊ ဝိုင်းရိုက်တော့တာဘဲ။ အဲဒီရဲတွေ အဲဒီမှာနေပြီး ပြဿနာ ရှာတာတ ပတ်ရှိပြီ။ လုံးခမ်းလူ အရိုက်ခံရတဲ့ နေရာက ရွာထဲမှာလေ။ အဲ့နားကနေလွန်သွားရင် ဆေးရုံ၊ စာသင်ကျောင်းရှိတယ်၊ ဘုန်းကြီးကျောင်း လဲရှိတယ် ” ဟု တုန့်ဖင့်ရွာ ရပ်မိရပ်ဖ တဦး ကလည်း သျှမ်း သံတော်ဆင့် အားပြောပြသည်။

လုံးခမ်းလူအား ၁ နာရီခန့်အကြာ ရိုက်နှက်ပြီးသော် ပိုက်ဆံ ဘတ်ငွေ ၅၀၀ ယူ၍ လွှတ်ပေးလိုက် ကြောင်း လုံးခမ်းလူ၏ မိတ်ဆွေတ ဦး က လည်းပြောသည်။

အစိုးရသစ်လက်ထက် သျှမ်းပြည်ဝန်ကြီးချုပ်က လမ်းဘေး ဂိတ်ငယ်များမရှိစေရ၊ အစိုးရမှ သတ်မှတ် ထားသော ဂိတ်မှသာ စစ်ဆေး ခွင့်ရှိ၏၊ ထို့ကြောင့် မိုင်းတုန် - ဘီပီဝမ်း - ထိုင်း သို့ သွားသည့် လမ်းမပေါ်၌ ဂိတ်သေး၊ ဂိတ်ငယ် အများအပြား နှစ်ဆန်းပိုင်းမှစ၍ ရုပ် သိမ်းသွားရာမှ ယခုကဲ့သို့ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီအသိုင်းအဝိုင်းက ပြောပါသည်။

No comments: