Thursday, June 28, 2012

သျှမ်းပြည် တပ်မတော်အား မူးယစ်ဆေးဝါး လက်တွဲ နှိမ်နှင်း ရေးဆု ထိုင်း အစိုးရ ချီးမြင့်

သျှမ်းသံတော်ဆင့်

နယ်စပ်တလွှား မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်က ထိုင်းအစိုးရနှင့် နှစ် ပေါင်း များစွာလက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သော ကြောင့် ရွှေလင်းယုန်ဆုကို ထိုင်းအစိုးရမှ ပေးအပ်ချီးမြင့်ခဲ့သည်ဟုသိရပါသည်။

“ထိုင်းနိုင်ငံမူးယစ်နှိမ်နှင်းရေးအဖွဲ့ (Office of Narcotics Control Board) ၊ ပြည်တွင်းလုံခြုံ ရေး ကွပ်ကဲရေးအဖွဲ့ (Internal Security Oper ation Command) ၊ ထိုင်းရဲတပ်ဖွဲ့ တို့ကပူးပေါင်း ကမကထပြုပြီး ဒီဆုပေး အပ်တာလေ။ ထိုင်းအစိုးရ ကိုယ်စားပေးအပ်တာပါဘဲ” - ဟု တက်ရောက် ဆုလက်ခံသည့် RCSS/SSA ကိုယ်စားလှယ် စိုင်းအေး က ပြော ပါသည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သည် 2001 မှစ၍ ထိုင်း - မြန်မာ (သျှမ်း) နယ်စပ်မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် ထိုင်းအစိုးရနှင့် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ Gold Eagle Award ရွှေလင်းယုန်ဆုပေးအပ်ချီးခံရတာ ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ချီးမြင့်သည့် ထိုင်းဘုရင် အ တိုင်အပင်ခံ ဗိုလ်ချုပ် ကြီးဖိကျစ် ကုလဝါနစ် ကပြောပါသည်။

အဆိုပါဆုအား ဂျွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အတွက် ဂုဏ် ပြုချီးမြင့်ခြင်းဖြစ်၏။ အခမ်းအနားအား ဂျွန် ၂၃ ရက် ဘန်ကောက်မြို့ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ဘွန်းယဂျင်းဒါးခန်းမ၌ ကျင်းပ ခဲ့သည်ဟု ဆိုသည်။

“အခမ်းအနားတက်ရောက်တာ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အနုပညာသည်တွေ၊ နယ်စပ်က တော့ကျနော်တို့ တဖွဲ့ထဲဘဲ။ ပေးတဲ့ဆု အား လုံးရွှေလင်းယုန်ရုပ်ဆုတွေဘဲ၊ ဂုဏ်ပြုခံရတာတွေအပေါ်မူတည်ပြီး ဆုမှာရေးတဲ့စာသား တော့ကွာတယ်။ ကျနော်တို့ရဲ့ဆုကတော့ နှစ်နိုင်ငံ ကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းလက်တွဲမှု ဂုဏ်ပြုဆု လို့ရေး ထားတယ်” - ဟု စိုင်းအေးကပြောပါသည်။

မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ရွှေလင်းယုံရုပ်ထု ဆုအပ်နှင်းပွဲအခမ်းအနားသည် ထိုင်းနိုင်ငံ၌ ပထမဆုံး အကြိမ် ပေး အပ်ခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် အပစ်မရပ်ခင် လွယ်တိုင်းလျဲန်းဌာနချုပ်၌ ဖမ်းမိမူးယစ်ဆေး ၀ါးများအား နှစ် စဉ် မီးရှို့ပွဲဖြင့်တိုက်ဖျက်ခဲ့သည်။ ထို့အတူ ယခုနှစ် မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေးတည်ဆောက် စဉ်မှာလည်း သိမ်းဆည်း ရမိသည့် မူး ယစ်ဆေး ဝါး များအား မိုင်းနောင်မြို့နယ်ခွဲ၌ အစိုးရ နှင့် ဆိုင်ရာအဖွဲ့အစည်းများ ဖိတ်ကြား၍ ပြည်တွင်း၌ ပထမဦးဆုံးတရားဝင် မူးယစ် ဆေးဝါး မီးရှို့ တိုက်ဖျက်ရေး အခမ်းအနား ပြုလုပ်ခဲ့သေးသည်ဟု သျှမ်းပြည်တပ်မတော်က ဆိုသည်။

No comments: