Monday, June 11, 2012

မောင်တော အစိုးရ ရုံးတချို့ ပြန်လည် ဖွင့်လှစ်

နိရဉ္စရာ

သောကြာနေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မူကြောင့် အစိုးရ ဌာနဆိုင်ရာ ရုံးများ ပိတ်ခဲ့ရပြီးနောက် ယနေ့တွင် ရုံးတချို့ကို မောင်တောတွင် ပြန်လည် စတင်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရုံးမှာ မြန်မာ စီးပွားရေး ဘဏ်ဖြစ်ပြီး ရုံးသူ ရုံးသားများ ရုံးတက်ရန် သွားလာနေကြသည်ကို မြင်ရကြောင်း မျက်မြင် မြို့ခံ တစ်ဦးက ပြောသည်။

တစ်ခြား ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း ရုံးတက် အာဏာပိုင်များက စေခိုင်းနေပြီး ယနေ့တွင် ဖွင့်လှစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။ သို့သော် မည်သည့် ရုံးများ ဖွင့်လှစ်သည်ကို နေ့လည်ပိုင်းမှ သိရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယနေ့နံနက်က မြို့စွန် ရပ်ကွက် တချို့တွင် မီးရှို့မူများ ဆက်လက် ရှိနေခဲ့သော်လည်း မောင်တောမြို့ထဲတွင် အခြေအနေ တည်ငြိမ်နေပြီး လုံထိန်းနှင့် နစကများက တာဝန်ယူ ကင်းလှည့်နေကြောင်း သိရသည်။

အများစု မြို့ခံများမှာ အိမ်ပြင်ကို မထွက်ဘဲ အိမ်ထဲတွင် နေကြပြီး အပျက်အစီးများကိုလည်း မရှင်းလင်းနိုင်သေးဘဲ ဖြစ်နေကြောင်း သူက ပြောသည်။

No comments: