Friday, June 8, 2012

တရားဥပဒေ စိုးမိုးမူ မဲ့နေသော မောင်တောတွင် ညဥ့်တွင် အခြေအနေ ပိုဆိုးနိုင်

နိရဉ္စရာ

တရား ဥပဒေ စိုးမိုးမူ မဲ့နေပြီ ဖြစ်သော မောင်တောတွင် ညဥ့်ကာလတွင် အခြေအနေ အထူးဆိုးရွားနိုင်ကြောင်း သတင်း ရရှိသည်။

ယခုအခါ အခြေအနေကို အာဏာပိုင်များက ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ကြောင်း မောင်တောက လာသော သတင်များတွင် ဖေါ်ပြသည်။

ဗိုလ်မှူးရွာမှ ရခိုင်အိမ် ၃၀ ခန့် မီးရှို့ခံရပြီး လူများလည်း သေဆုံးမူ ရှိကြောင်း သိရသည်။

ဒေါက်တာ ခင်မောင်လှ လင်မယား ဓါးခုတ်ခံရပြီး မိန်းမ ဖြစ်သူ သေဆုံးသွားပြိဆိုသော သတင်းလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ရဲကို ဖုံးဆက်မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယခုအခါ မောင်တော တယ်လီဖုံးလိုင်းများအား ဖြတ်တောက်ထားလိုက်ပြီ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့မှ လက်ကိုင်ဖုံးများကိုသာ အသုံးပြုနေ ကြ ရသည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့မှ အများစု တယ် လီဖုံး များမှာလည်း ယခုအခါ ခေါ်၍ မရတော့သဖြင့် မောင်တောမှ နောက်ဆုံး အ ခြေအနေ မည်သို့ ဖြစ်နေသည်ကို သိရှိရန် အခက်အခဲ ဖြစ်နေပါသည်။

No comments: