Sunday, July 8, 2012

“အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်”

ဧရာဝတီ

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြည် သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အပါအ၀င်လွှတ်တော်ရေးရာ ဥက္ကဌ တွေ နဲ့ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့် အ ထူးကိစ္စရပ်များ လေ့ လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်(ရန်ကုန်- ရုံးခွဲ)မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမ ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင် ကိုဧရာဝတီ သတင်းထောက် လင်းသန့်က ဆက် သွယ်မေးမြန်း ထားပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အများစုဟာ နှစ် ရှည်ထောင်ဒဏ် ချမှတ်ခံထားရာမှ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ် ငြိမ်းချမ်း သာခွင့်နဲ့ မကြာသေးခင်က လွတ်မြောက်လာခဲ့ကြပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ မြန် မာနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းလှုပ် ရှားနေကြ ပါတယ်။

မေး။ ။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော် ရေးရာ ဥက္ကဌ တွေ နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါလဲ။

ကိုမင်းကိုနိုင်။ ။ အဓိကကတော့ဗျာ သူတို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ကိစ္စက မူလတာဝန်ခံပဲ။ တခုတော့ ရှိတယ်ဗျ။ နိုင်ငံမှာတော့ အာ ဏာအမြင့်ဆုံးနေရာပဲ။ အုပ်ချုပ်ရေးဆိုတဲ့ သမ္မတကိုတောင်မှ လွှတ်တော်ကနေ ရွေးရတာကိုးဗျ။ ဒီတော့ အစိုးရအဖွဲ့ပြီးသွားရင် လွှတ်တော်ရဲ့ကိစ္စက ပြည်သူတွေကို အကာအကွယ် အစောင့်အရှောက် ပေးနိုင်မယ့် ဥပဒေတွေ ပြ ဌာန်း ဖို့ရယ်၊ ပြည်သူတွေအတွက် မလိုဘဲ ၀န်ထုပ်ဝန် ပိုး ဖြစ်နေတဲ့၊ ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေဆိုးတွေကို အကုန်ဖျက်သိမ်းဖို့ရယ်၊ ဒီ ၂ ခုပါပဲ။ အဲဒီ ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးကြတာ။ ကျနော်တို့ ဆွေးနွေးမှုတွေက အဲဒီအထဲက ပြေး မလွတ်ပါဘူး။

မေး။ ။ ဘာကြောင့် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အမြင်လည်း သိပါရစေ။

ဖြေ။ ။ ကျနော်တို့ လိုရင်းပြောရင်တော့ အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်။ သူတို့အနေနဲ့ အရပ်ဘက်ကိုပြောင်း လဲ လာပြီး တော့ အရပ်သားများအနေနဲ့ ကြိုးစားကြတယ် ဆိုတဲ့နေရာမှာ အရင်က ခေါက်ရိုးကျိုးနေတဲ့ အမိန့်နာခံမှုနဲ့ ခိုင်းမှ လုပ်မယ်ဆိုတဲ့လူတွေ အဲဒီပုဂ္ဂိုလ် တွေ ယနေ့အထိ ရှိတယ်၊ ကျန်နေတယ်ဆိုတာလည်း နားလည်ကြပါတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ လွှတ် တော်ထဲမှာ တာဝန် ထမ်းဆောင် ကြတဲ့ လူတွေဟာ တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိနေ ဖို့ပဲ။ ကျနော်မြင်တာကတော့ မနေ့က ကျနော်တို့ တွေ့ခဲ့တဲ့ အပေါ် မှာတော့ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်ချင်စိတ် တကယ်ရှိပြီး ကြိုးစားနေတယ်လို့တော့ ယူဆလို့ ရတယ်။ ကျနော်တို့ ကိုယ်တိုင်က လည်း ပြောထား ပြီးသား ရှိတယ်။ ပြုပြင် ပြောင်းလဲရေး လုပ်မယ့် ပုဂ္ဂိုလ်မှန်ရင် ဘယ်အင်အား စုနဲ့မဆို ကျနော် တို့ လက်တွဲမယ် ဆိုတာ၊ အဲဒါကြောင့် ကျနော်တို့မနေ့က တွေ့ဆုံဖြစ်ကြတာပါ။

မေး။ ။ အခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော်ရေးရာ ဥက္ကဌ တွေနဲ့ ဆွေးနွေး တယ် ဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို ၀င်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေမှာ အစီအစဉ် ရှိလား။

ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲတခုတည်းကိုပဲ အာရုံစိုက်နေတဲ့လူတွေတော့ မဟုတ်ဘူးဗျ။ တဘက်ကနေပြီးတော့ နိုင်ငံ တကာမှာ ပြန် ကြည့်တဲ့အခါ ရွေးကောက်ပွဲ ၀င်ရင် ဘာလုပ်မလဲ။ ရွေးကောက်ပွဲ ၀င်ပြီးလို့ နိုင်မယ် ဆိုပါတော့၊ ပြီးတော့ ရော ရွေးကောက်ပွဲ နိုင်လို့ အလုပ် ဖြစ်ရဲ့လားဆိုတာ ဇင်ဘာဗွေ နိုင်ငံ လိုမျိုး ပြန်ကြည့်လိုက်ပါဗျာ။ အဲဒါဆိုရင် သုံးသပ်လို့ရပါတယ်။ ကျနော်တို့ ၁၉၉၀ ကို ပြန် ကြည့် ဗျာ။ အဲဒီတော့ တကယ်တမ်းက Instituion ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မခိုင်မာဘဲနဲ့ အားမကောင်းဘဲနဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ ကူးပြောင်းတဲ့ အစဉ်အလာကို ကျနော် တို့က မစဉ်းစားဘူး။ ရွေးကောက်ပွဲဆိုတာက အတော်များ များစဉ်းစားကြပြီး အဲဒါကို အာရုံစိုက်ကြတာများပါတယ်။ ကျနော် တို့ကတော့ ရွေးကောက်ပွဲက ရတဲ့ ရလဒ်ကို ပြန်ဖော်ဖို့အတွက် အရပ် ဘက် လူ့အဖွဲ့အစည်း အားကောင်းနေဖို့၊ အရပ်သား တွေ၊ ဒီမိုကရက်တစ်တွေ အားကောင်းနေဖို့ ကျနော်တို့ ပိုပြီး အာရုံ စိုက်တယ်။

မေး။ ။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘာတွေကို ဘယ်လို ဆက်ပြီး ဆွေးနွေး ပြောဆို ခဲ့ပါသေးလဲ။

ဖြေ။ ။ ကျနော်တို့ ခရီးစဉ်တလျှောက်လုံး တွေ့ခဲ့သမျှတွေမှာ ပြည်သူတွေရဲ့ နစ်နာတဲ့ ဆုံးရှုံးမှုတွေ၊ ပြည်သူတွေ ဖြစ်ချင်တာ အကုန်လုံး ကို မနေ့ကတွေ့ဆုံမှုမှာ ကျနော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် ရေးရာကော်မတီ ဥက္ကဌ တွေ အကုန်လုံး ကို ပြန်ပြီးတော့ သယ်ဆောင် ပြီး အရောက်ပို့နိုင်ခဲ့ပါတယ်။ အဲဒါတွေအကုန်လုံးကို ခြုံပြောလိုက်မယ်ဆိုရင် လွှတ်တော်ထဲမှာ အသစ်ရေးဆွဲမယ့် ဥပဒေ တွေ၊ ဥပမာ တခု ပြောပါ့မယ်၊ အများအတွက် အကျိုးရှိတဲ့ ဥပဒေတခုကို ပြဌာန်းလိုက်ပြီ၊ ပြဌာန်း လိုက်ပေမယ့် လက်တွေ့ကျတော့ အ ကောင်အထည် ဖော်ဖို့ နည်းဥပဒေ မထွက် သေးဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားဘက်ကလူတွေက ဒါကို အကြောင်း ပြပြီးတော့ အပြောင်းအလဲကို တကယ် မလုပ်ကြဘူး။ နဂိုကတည်းက မလုပ်ချင်တဲ့ လူတွေ ပြောနေတဲ့ ကြားထဲမှာ ခေါက်ရိုးကျိုး တွေကြား ထဲမှာ ခုနက လိုလုပ်ထုံး လုပ်နည်း မရှိလို့ ဆိုတဲ့ ဆင်ခြေတွေ၊ နည်းဥပဒေ မရှိသေး လို့ဆိုတဲ့ ဆင်ခြေတွေနဲ့ ပြည်သူတွေဟာ အကောင်း ဘက်ပြောင်းလဲ မှုကို မခံစားရဘူးပေါ့ဗျာ။ အဟောင်းအတိုင်းပဲ ဖြစ်နေတယ်။ အဲဒီ ပြဿနာတွေကို ကျနော် တို့ တင်ပြ ဆွေးနွေး နိုင်ခဲ့တယ်။ အဲဒီအပေါ်မှာ လည်းကျနော် တို့ ဖြစ်စေချင်တာ ဥပဒေ တခု ထုတ်ပြန်ပြီးရင် နောက်ထပ်ပြီး လိုက်လာ ပြီးတော့ နည်းဥပဒေကို ကာလ အကန့်အသတ် ဘယ်လောက် အတွင်းမှာ ဘယ်နှရက် အတွင်းမှာ အပြီးအပြတ် ရအောင် ထွက်ရမယ် ဆို တာမျိုးကို အခုလာ မယ့် လွှတ်တော်မှာ ဥပဒေ တရပ်အနေနဲ့ကို ပြဌာန်းပေးဖို့ ကျနော်တို့ ပြည်သူတွေကိုယ်စားပေါ့ဗျာ ကျနော်တို့ အဓိက အလေးထားပြီး ပြောပြခဲ့ တယ်။ ကျန်တဲ့ အချက် အလက် တွေလည်း တော်တော်များပါတယ်။

မေး။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ဆွေးနွေးပြောဆိုမှုကိုရော သူရ ဦးရွှေမန်းအပါအ၀င် လွှတ်တော် တာဝန်ရှိသူတွေ ဘက် က ဘယ်လို တုံ့ပြန်ခဲ့လဲ။

ဖြေ။ ။ ကျနော်တို့ ပြောတာအကုန်လုံးကို သူတို့သဘောတူပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်တဲ့နေရာမှာ သူတို့ကြုံ တွေ့ရတဲ့ အ ခက် အခဲ အခြေအနေတွေကိုလည်း သူတို့ ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ အပြောင်းအလဲ ဆိုတဲ့ အတွက်ကြောင့် အရင်အ ဟောင်း ထဲက ဟာတွေက မလိုက်ပါနိုင်မှုတွေရော ပြီးတော့ အခုမှ၊ သူတို့ ကိုယ်တိုင်လည်း တသက် လုံးမှာ စစ်တပ်ထဲမှာပဲ ကြီးပြင်းလာ ခဲ့ပြီး အမိန့်ပေး တဲ့စနစ်ကိုပဲ ကျင်လည်လာတာဆိုတော့ အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ မှာ ကျင့်သားမရသေးတာတွေကို ရိုးရိုးသား သား ကျနော် တို့ကို ပြောပြပါတယ်။ နိုင်ငံတကာလှည့်လာပြီးတော့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ အများကြီး သူတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်ဖို့ လိုနေ သေးတယ်ဆိုတာကို ပြောပါတယ်။ တကယ်လည်း သိပါတယ်။

ကျနော်တို့ မြင်တာက အဲဒီလို ရိုးရိုးသားသား အမှန်အတိုင်းပြောတဲ့ ပွင့်လင်းမြင်သာမှုကို ကျနော်တို့ သဘောကျတယ်ဗျ။ ဘာကြောင့်လဲ ဆို တော့ အနာသိဖို့လည်း လိုတာကိုးဗျ။ အနာသိမှ ဆေး ကုလို့ ရမှာ။ သူတို့ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော်တို့ သိခွင့်ရတယ်။ နောက်တ ခါလူထုကြားထဲမှာ ဖြစ်နေတဲ့ အခက်အခဲ ကိုလည်း သူတို့ သိခွင့်ရခဲ့တယ်။ အဲဒီတော့ အနာတွေကို အမှန်အတိုင်း ပြောကြ တယ်။ ပြီးတော့ သဘာဝကျတဲ့ နည်းလမ်းကို တကယ်ပဲ ရွေးကြရမှာကိုး။ အနာကို၊ အားနည်းချက်ကို ဒီအတိုင်း၂ ဘက်လုံးပြော နိုင်ကြ တာကတော့ အကျိုး ရှိပါတယ်၊ ဆက်ပြီးတော့ ကုထုံးတွေလည်း ကျနော်တို့ စဉ်း စားကြပါတယ်။ ဥပမာ ဆိုပါတော့ဗျာ။ တကယ်တတ် ကျွမ်းတဲ့ ပညာသည် တွေကို အကူအညီတွေ ကျွမ်းကျင်သူတွေခေါ်ပြီးတော့ နောက်ထပ် ကော်မရှင်တရပ် ဖွဲ့စည်းတာမျိုးပေါ့ ဗျာ။ သူတို့မှာ ရှေ့ဆက်ပြီးတော့ အစီအစဉ် တွေအများကြီး စဉ်းစားထားတာ ရှိတယ်။ အဲဒီ အကြောင်းတွေလည်း ကျနော်တို့ကို ပြန်ပြီးတော့ ရှင်း ပြတယ်။

မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်တော်နိုင်ငံ ရေး ဖြစ်စဉ်ထဲ ၀င်ရောက် ပူးပေါင်း လုပ် ဆောင်ဖို့ ဖိတ်ခေါ်တာမျိုးရော ရှိလား။

ဖြေ။ ။ အထူးတလည် တခုတ်တရ ကျနော်တို့ကို ဖိတ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အားလုံး နိုင်ငံသားတိုင်းဟာ လွှတ် တော်ထဲ ၀င်ပြီး လုပ်ဖို့ ရွေးချယ်ခွင့်ရှိတာပဲဗျာ။ ဒါကတော့ ကိုယ့်ရွေးချယ်ခွင့်ပဲပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ လတ်တလော အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် လုပ်နေတယ်။ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းရမယ် ဆိုတဲ့အချက်ကိုလည်း လွှတ်တော် ဥက္ကဌ ကိုယ်တိုင်က သူယုံယုံကြည်ကြည်နဲ့ လက်ခံတယ်။ အဲဒါ ကျနော် တို့ ကောင်းမွန်တဲ့ အချက်တချက်လည်းဖြစ်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အရပ်သားတွေရဲ့ အခန်းကဏ္ဍက မြင့်မားအောင် ဒါပဲ ကျနော်တို့ အာရုံစိုက် မယ်ဗျာ။

မေး။ ။ နောက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလည်း ဆွေးနွေး ခဲ့သေး တယ်ဆို။

ဖြေ။ ။ ကျနော်တို့ အဲဒါ ပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့မှာ သမ္မတက စကားစပ်ရင် စပ်သလို ပြန်လာလို့ရရင် ပြန်လာ ပါလို့ ပြောတယ်။ အဲဒါက ကျနော်တို့ဆိုလိုတာက အမိန့်ဒီဂရီ တရပ်ကို သပ်သပ်မှတ်မှတ် ကြေညာပေးတာမျိုးကို ကျနော်တို့ လိုချင်တာ ကိုး။ လက် တွေ့မှာကျတော့ တယောက်ချင်း သံရုံးသွားပြီး ခွင့်ပန်ရတယ်။ သံရုံးက ခွင့်ပြုတဲ့ လူက တော့ ပြန်လာလို့ရပြီး ခွင့်မပြုတဲ့လူက ပြန်မလာ ဘူး။ ဘယ်စံဘယ်နှုန်းတွေနဲ့ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာ မသိရဘူး။ အဲဒါကြီး က အရင် အဟောင်းကြီးဗျ။ တယ်မနိပ်ဘူး။ လက်တွေ့မှာ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် အားလုံး ပြန်လာနိုင်ဖို့ကို အမိန့်ဒီဂရီတရပ် ထုတ်ပြန်နိုင်ဖို့ ကောင်းတယ်။

ကျနော်တို့က အဲဒီကိစ္စတင် မကဘူးဗျ။ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ကိုပါ အထူးအလေးထားပြီး ထိပ်ဆုံးကနေပြီး ပြော တာ ပါ။ ဘာကြောင့်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အင်အားတွေ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး လုပ်ရင်းကိုင် ရင်း နဲ့ နိုင်ငံရေး ယုံကြည်မှုအပေါ်မှာ အလုပ်လုပ်ကြရင်းနဲ့ အမှုအမျိုးမျိုးတပ်ပြီးတော့ အဖမ်းဆီး ခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီသမား တွေပေါ့။ သူတို့ရဲ့ လွတ်မြောက်ရေးကို အလေးအနက်ထားပြီး ပြောခဲ့ပါတယ်။ သူတို့ကလည်း ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံ တည်ဆောက် ရေးမှာ အင်အားတွေဖြစ်မယ်ဆိုလို့ရှိရင် ဒီ အင်အားတွေကို အသုံးချဖို့၊ ဒီ အင် အားတွေဟာ တိုင်းပြည်အတွက်ဖြစ်တယ် ဆိုတာမျိုး သူတို့ လိုလား ပါတယ်။ အဲဒီတော့ ဆက်ပြီးတော့ သူတို့က ကျနော်တို့ ပြောဆိုခဲ့တာတွေကို အလေးအနက်ထားပြီး ဆောင် ရွက်ပါလိမ့်မယ်။

အလားအလာကောင်းတွေ ဖြစ်လာမှာပါ။ ကျနော်တို့ တတ်စွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး တင်ပြခဲ့တာပါ။ စာရင်းဇ ယားတွေ လည်းပြုစုတဲ့သူက ပြုစုနေကြပါတယ်။ အဲဒီအထဲမှာတော့ ကျနော်တို့သိသလောက် လူမကျန်ရအောင် ကြိုး စားပြီးတော့ လုပ် နေ ပါတယ်။ ။

No comments: