Saturday, November 24, 2012

တိုင်းရင်းသား ဒီဂရီကောလိပ် ကျောင်းသားများ ဆက်လက် ဆန္ဒပြမည်

ဖနိဒါ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည်ပညာသင်ယူခွင့်မရမချင်းစစ် ကိုင်း တိုင်း၊ ရွာသစ်ကြီးကျောင်းသစ်မှ ကျောင်းသား ၅၀၀ ခန့်က ဆက်လက် ဆန္ဒပြသွားမည်ဟု သိရသည်။

ပြောင်းရွှေ့ခံရသော ရွာသစ်ကြီးတွင် နေထိုင်ရေး၊ ပညာသင်ကြားရေး အဆင်မပြေမှုများ ရှိသဖြင့် ကြာသာပတေးနေ့ ည ၇ နာရီမှ စတင် ကာ ၎င်းတို့၏ ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်၍ မူလ ပြည်ကြီးတံခွန် မြို့နယ်ရှိကျောင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

သောကြာနေ့ မွန်းလွဲ ၁၂ နာရီချိန်မှစ၍ ပြည်ကြီးတံခွန်ကျောင်းရှေ့ အပေါက်ဝမှ ကားလမ်း တလျှောက်တွင်ကျောင်းသားများက တိုင်း ရင်း သား ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ဒူးထောက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီး မူလကျောင်းအား ပြန်လည်တက်ခွင့်ပေးမည်ဟု တစုံ တရာ အဖြေ မရမချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ရှမ်းတိုင်းရင်းသား ကိုသိန်းကိုကိုအောင် က ပြော သည်။

“ကျနော်တို့ ကျောင်းပြန်ပေးမယ်ဆိုတဲ့ အဖြေမရမချင်း နေပူခံပြီးတော့ ထိုင်စောင့်နေတာပါ။ ကျ နော်တို့ ခံစားချက်ကို လူကြီးတွေ အား လုံး သိစေချင်တဲ့သဘော လမ်းလျှောက်မယ်။ ကျနော်တို့ အခဲအခဲတွေ အများကြီးရှိတယ်။ အရင် ကျောင်းတော်ကြီးကိုပဲ ဆက်လက် ပညာသင် ကြားချင်တာ” ဟု မဇ္ဈိမကို ပြောသည်။

မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း လာရောက်၍ ကျောင်းသားများ ဆန္ဒအတိုင်း အထက် ဝန် ကြီး ဌာနသို့ တင်ပြမည်ဟု ပြောဆိုထားသည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။

ကျောင်းသားများက ရွာသစ်ကြီးကျောင်းသို့ မပြောင်းရွှေ့လိုကြောင်း သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာ နှစ်ကြိမ် တိုင်တိုင် တင်ပြခဲ့ သော် လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ဘဲ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသဖြင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒီဂရီကောလိပ်အား ၂ဝဝဝ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး သိပ္ပံ၊ ဝိဇ္ဇာနှင့် နည်းပညာများ သင်ကြားပေးနေရာ အမှတ်စဉ် ၁၁ ထိ ရှိခဲ့ ရာမှ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရွာသစ်ကြီးကျေးရွာသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏နှုတ်မိန့်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

အစိုးရက တိုင်းရင်းသားအရေးအား ဦးစားပေးနေသည်ဟု ပြောသော်လည်း တိုင်းရင်းသား၏ ပညာရေးကို လစ်လျူရှုခံနေရသည်ဟု ကျောင်း သားများ ခံစားနေရပြီး ၁၂ နှစ်တိုင်တိုင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် တည်ဆောက်ထားသည့်မူရင်းကျောင်းအားဆက်လက် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်လိုသည့် ဆန္ဒရှိကြသည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။

ရွာသစ်ကြီးလို နေရာမျိုးတွင် ခေတ်မီနည်းပညာများကို လေ့လာသင်ယူရသည်မှာ အခက်အခဲရှိပုံကို အင်ဂျင်နီယာကျောင်းသား ရှမ်းလူ မျိုး ကိုအောင်မင်းသန့် က “မြို့နဲ့ အလှမ်းမဝေးတဲ့ နေရာ၊ နည်းပညာတွေ အလွယ်တကူ သင်ယူ နိုင်တဲ့ နဂိုနေရာမှာ ဆက်သင်ယူလို တယ်။ IT ခေတ်ဆိုတော့ ဖွံ့ဖြိုးတိုးတက်တဲ့ နည်းပညာကို တတ်နိုင်သလာက် လေ့လာချင်တယ်။ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ကျနော်တို့ လေ့လာချင် တယ်။ ဖွံ့ဖြိုး တိုးတက်နေတဲ့အချိန်မှာ ကျနော်တို့က မြို့ပြနဲ့ အလှမ်းဝေးနေရာမှာ လေ့ လာနေရာတယ်ဆိုတော့ အရမ်း ခက် ခဲတယ်” ဟု မဇ္စျိမကို ပြောသည်။

ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားဒေသများမှ တက္ကသိုလ်စာမေးပွဲအောင်မြင်သူများ အစိုးရဝန်ကြီး ဌာနတိုင်းတွင်ပြန်လည် တာဝန် ထမ်း ဆောင်ရေး ရည်ရွယ်၍ အဆိုပါ ကောလိပ်အား တက်ရောက်လာခြင်းဖြစ်၍ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုအား လေ့လာခွင့် ရလိုသည်ဟု သူက ဆို သည်။

အကြောင်းပြချက် မသိရဘဲ ရုတ်တရက် ရွာသစ်ကြီးသို့ ပြောင်းရွှေ့ရသဖြင့် ဆရာ/ဆရာမ များလည်း များစွာ အခက်အခဲနှင့် ရင်ဆိုင်ရ သည် ဟု ဆရာမ တဦးက ပြောသည်။

“သူတို့ ဖွံ့ဖြိုးနေတဲ့ အခြေအနေမှာ သူတို့ကို သူစိမ်းချိုး ချိုးလိုက်သလိုပါဘဲ။ ကျမတို့ အရမ်းခံစားရ တယ်။ ကျမတို့ဘက်ကလည်းအဆင်မပြေ မှုတွေ များသလို၊ ကလေးတွေ အတွက်လည်း အရမ်းသနားမိတယ်။ သူတို့တွေက အရမ်း တက်လာတယ်လေ။ကလေးတွေပညာဆက်သင် တယ်။ ဒါပေမယ့် သွားရေးလာရေးရော၊ နေရေးထိုင်ရေးရော ခက်ခဲလာတာကို တွေ့နေရလို့ စိတ်ညစ်ရတယ်” ဟု မဇ္စျိမကို ပြော သည်။

ဆန္ဒပြသူများအား အစိုးရ စစ်ကား သုံးစီး အင်အားအပြည့်နှင့် လာရောက်စောင့်ကြည့်နေသလို ထိုကောလိပ်ကျောင်းသားများ လုံခြုံရေး အ တွက် ယင်းတို့၏ ဆရာ၊ ဆရာမများလည်း စောင့်ကြည့်နေသည်ဟု ဆရာမ ပြောသည်။

အစားအသောက်အတွက် တရက်လျှင် လူတဦး ၁၅ဝ ကျပ် ထောက်ပံ့ပေးသော်လည်း လုံလောက်မှု မရှိသဖြင့်ကျောင်းသားများ ကိုယ့် နည်း ကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကာ ယခုနှစ် ဘတ်ဂျက်တွင် ကျောင်းသားတဦးလျှင် ကျပ် ၅ဝဝ စီပေးမည်ဟု သိရသော်လည်း ယနေ့ထိ ထောက် ပံ့ခြင်း မရှိသေးကြောင်း သူက မဇ္စျိမကို ပြောသည်။

ရွာသစ်ကြီးကျောင်းတွင် လျှပ်စစ်မီး မလုံလောက်ခြင်း၊ ဖုန်းဆက်သွယ်မှု ခက်ခဲခြင်း၊ အင်တာနက် မရရှိခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထား သိုရန် နေရာ မလုံလောက်ခြင်း၊ နေအလင်းရောင် ရရှိမှု နည်းခြင်း၊ မြို့ပြ ယဉ်ကျေးမှုဆိုင်ရာများ လေ့လာခွင့်များ မရှိခြင်းတို့ကြောင့် ယခုကဲ့ သို့ ကျောင်းသားများ ဆန္ဒပြရသည်ဟု မန္တလေးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမျိုးနိုင်က ပြောသည်။

“သူတို့က နယ်စပ်ဒေသကနေ လာပြီးကျောင်းလာတက်တော့ မြို့ပြယဉ်ကျေးမှုကို သိချင်တာ။ အ ရင်ကျောင်းက သူတို့ ကိုယ်တိုင် စိုက် ပျိုး၊ ပြုစုခဲ့တဲ့ ဥယျာဉ် တော်တော်စုံတယ်။ အဲဒီကျောင်းမှာ ကောင်းတာက ကျောင်းအုပ်ကြီး ကနေ ဆရာမတွေအဆုံး စုပေါင်းရှင်ပြုတာတို့၊ အား လုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ။ အဲဒီ အနေအထား ကနေ ပျက်သွားတာ။ က လေးတွေက အဲဒါကို Feeling ဖြစ် (ခံစား)သွား တာ”ဟု သူက မဇ္စျိမကို ပြောသည်။

ထို ပြည်ကြီးတံခွန်ကျောင်းအား မန္တလာ ကောလိပ်ကျောင်း ဟူ၍ ဖွင့်လစ်မည်ဟု ကြားသိရသည်ဟု ကျောင်းသား များက ဆိုသည်။

ထိုကောလိပ်ကျောင်းတွင် ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသများမှ ကချင်၊ ရှမ်း၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသား လူမျိုး ၃၃ မျိုးမှ ကျောင်း သား ၅ဝဝ ကျော် ပညာ သင်ကြားနေပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း ၁ဝဝ ခန့် ရှိသည်ဟု သိရှိရသည်။

No comments: