Friday, November 30, 2012

လက်ပံတောင်း ဒဏ်ရာရသူများ ကုသရေး စိုးရိမ်နေရ

ကျော်ခ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းများဖြိုခွင်းခံရမှု၌ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရသော သံဃာအများစုနှင့် လူပုဂ္ဂိုလ် များ ၏ မီးလောင်ဒဏ်ရာများမှာ ကူးစက်ပိုးဝင်နိုင်သည်ဟု သက်ဆိုင်သူများက စိုးရိမ်နေရကြောင်း သိရသည်။

နောက်ဆုံးသိရသော သတင်းများအရ မုံရွာပြည်သူ့ ဆေးရုံကြီးတွင် သံဃာတော် ၂၇ ပါး၊ လူပုဂ္ဂိုလ် တစ်ဦးနှင့် မန္တလေး ပြည်သူ့ ဆေးရုံ ကြီး တွင် သံဃာတော် ၂ ပါး တို့မှာ မီးလောင်ဒဏ်ရာများကြောင့် အပေါ်ယံအရေပြားများကွာကျထားသည်။

ဒဏ်ရာရ သံဃာတော် ဦးသိက္ခညာဏ ၏ သားဖြစ်သူ တိမွေးကု ဆရာဝန် ဒေါက်တာ နေသူရိန်က ဧရာဝတီသို့ ပြောရာတွင် “မီးလောင် ဒဏ် ရာတွေက မသေစေနိုင်ပေမယ့်၊ သူက ခန္ဓာကိုယ်ကို အကာအကွယ်ပေးတဲ့ အရေပြားတွေ ကွာကျထားတော့ အကာရံမရှိတော့ပဲ ပိုး တွေက အလွယ်တကူဝင်ရောက်နိုင်ပြီး ခန္ဓာကိုယ် တခုလုံး မလှုပ်ရှားနိုင်တော့တဲ့အနေ အထား ကနေ အသက်ဆုံးပါးသွားနိုင်တဲ့ အနေအထားထိစိုး ရိမ်ရပါတယ်” ဟု ပြောသည်။

မန္တလေးဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသော ဆရာတော် ဦးသိက္ခညာဏ မှာ ခန္ဓာကိုယ် တခုလုံး၏ ၄၅ ရာ ခိုင်နှုန်းတွင် မီးလောင်ဒဏ်ရာများကြောင့် အရေပြားများကွာကျနေပြီး ၎င်းအား သီးသန့်ခန်းဖြင့် ထားရှိခွင့် ရသော်လည်း အဆိုပါအ ခန်း သည် ပိုးသတ်ဆေးများဖြန်းထားခြင်း မရှိသကဲ့သို့ သန့်ရှင်းမှုလည်းအားနည်းကြောင်း အကယ်၍ ခွင့်ပြုချက်ရရှိပါက နိုင်ငံခြားသို့ တင်ပို့ ကုသလိုကြောင်း ဆေးရုံအုပ်ထံတောင်းဆိုသွားမည်ဟုဆိုသည်။

အလားတူ ဆရာတော် ဦးသိက္ခညာဏ နှင့် အတူ လက်ပတောင်းဖြိုခွင်းမှုတွင် ဒဏ်ရာအပြင်းထန် ရရှိခဲ့သူ ဆရာတော် ဦးဝိသုတ္တ မန္တ လေး ဆေးရုံကြီးတွင် သီးသန့်ခန်းတွင်ထားရှိခွင့်မရဘဲ ပြင်ပလူနာများဖြင့် ပူးတွဲထားရှိသဖြင့် ပိုမိုစိုးရိမ်ရကြောင်း မုံရွာ ဆေးရုံ ကြီး တွင် ကုသမှု ခံယူလျက်ရှိသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက်လည်း စိုးရိမ်ရကြောင်း ဒေါက်တာ နေသူရိန် က ဆက်ပြော သည်။

“မီးလောင်ဒဏ်ရာတွေကနေ ရောဂါပိုးတွေဝင်ခဲ့ရင် သွေးအဆိပ်သင့်ပြီးတော့ ခန္ဓာကိုယ်က အဆင် မပြေဖြစ်လာခဲ့မယ်၊ နောက်ပိုင်းမှာဆိုရင် အတွင်းထဲက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အလုပ်မလုပ်နိုင် မစားနိုင်မသောက်နိုင်ဖြစ်ပြီး တော့ အသက်အန္တရယ်ကို ထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် ဒီလိုဒဏ်ရာရရှိသူတွေကို ရောဂါပိုးမွှားကင်းစင်တဲ့ သီးသန့် တစ်နေရာမှာ တလ လောက်ထားပြီးကုသနိုင်တဲ့ နေရာတစ်နေ ရာ ဖန်တီးနိုင်ရင် ပိုကောင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ဆရာတော် ဦးဝိသုတ္တကို စောင့်ကြည့်ပေးနေသူ အရှင် စန္ဒဒန ကလည်း “ဦးဝိသုတ္တက အောက်ပိုင်း တပိုင်းလုံး မီးလောင်ဒဏ်ရာနဲ့ အရေပြား တွေကွာကျထားတာပေါ့၊ မနေ့ကတည်းက သီးသန့်ခန်း ရဖို့ ဆေးရုံကိုပြောပါတယ်၊ အခန်းမရှိ တော့ဘူးလို့ ဆေးရုံက ပြောလို့ ဒီအများထား တဲ့နေရာမှာပဲ ရောပြီး ကုထားပါတယ်၊ ဆေးရုံ ကတော့ ဒီဒဏ်ရာကို အရေးတကြီးရောဂါလို့ သတ်မှတ်ပုံ မရဘူး” ဟု ဧရာဝတီသို့ မိန့်ကြား သည်။

အလားတူ မုံရွာပြည်သူ့ဆေးရုံကြီးတွင်လည်း သံဃာ ၂၇ ပါးနှင့် ကိုကျော်စွာမိုးတို့ မှာ မီးလောင်ဒဏ်ရာများနှင့် ဆေးကုသမှု ခံယူနေ လျက် ရှိပြီး သံဃာအချို့ကို ပြင်ပလူနာများဖြင့် အတူထားရှိပြီး ကုသနေသည်ကိုတွေ့ရကြောင်း မုံရွာဆေးရုံကြီးတွင် သံဃာတော်များကို သွားရောက် ကြည့်ရှုသူ NLD ပါတီဝင်တစ်ဦးက ပြောသည်။

“အသက်အန္တရာယ်ကတော့ အကုန်လုံးလို စိုးရိမ်စရာမရှိတော့ဘူးလို့ ပြောရမယ်၊ သံဃာအများစုက တော့ သီးသန့်ခန်း တွေမှာထားကုပေး ထားတယ်၊ မျက်စိတစ်ဖက် ထိခိုက်ထားတဲ့ ကိုယ်တော်တစ်ပါးနဲ့ ၃ ပါးပဲ အပြင်လူနာတွေနဲ့ရော ထားတာရှိတယ်၊ ဒီကအခန်းတွေ ကလည်း ပိုးသတ်ထားတာမရှိတော့ ပိုးဝင်မဝင်တော့မသိဘူး” ဟု သူက ဧရာဝတီသို့ပြော သည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင်ကုသနေသော သံဃာတော်များကို ယင်းဒေသကိုရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့မနက်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောဆိုခဲ့ကြောင်း သိရသည်။

ဆောင်းကာလ ရာသီဥတုကြောင့် မီးလောင်ဒဏ်ရာများမှာ နာကျင်ကိုက်ခဲကြောင်း မျက်နှာနှင့် ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်း မီးလောင် ဒဏ် ရာ ရရှိခဲ့သူ လက်ပံတောင်းဒေသခံ မဖြူဖြူဝင်း က ဧရာဝတီသို့ပြောသည်။ ၎င်းအနေဖြင့် ဆေးပညာဗဟုသုတ မရှိသဖြင့် ဒဏ်ရာ များ ကို အပြင်ဆေးခန်းတွင်ပင် ကုသမှုခံယူနေကြောင်း ထပ်လောင်းပြောဆိုသည်။

ယခုလ၂၉ ရက်နေ့မနက် ၃ နာရီခန့်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြနေသည့် သပိတ်စခန်းများကို အစိုးရ အာ ဏာပိုင်များက မီးသတ်ပိုတ်၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးနှင့် ရဲတပ်ဖွဲ့အင်အားများဖြင့် အသုံးပြုဖြိုခွဲရာတွင် သံဃာတော် အပါး ၇၀ ကျော် နှင့် လူပုဂ္ဂိုလ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အင်အားသုံးဝင်ရောက် စီးနင်းခဲ့သော ရဲတပ်ဖွဲ့ဝင်များက သံဃာ ၇ ပါးအပါအဝင်လူပုဂ္ဂိုလ် အချို့ကို ရိုက်နက် ဖမ်းဆီးကာ ထို သံ ဃာတော်များကို ယမန်နေ့ညနေပိုင်းက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

No comments: