Friday, November 30, 2012

မြန်မာ့မူးယစ် တာကာ ၄ သိန်းကျော်တန်ဖိုး ဘင်္ဂလာတွင် ထပ်မံဖမ်းဆီးမိပြန်ပြီ

သဇင်ဥ

မြန်မာနိုင်ငံထုတ် အရက်နှင့် မူးယစ်ဆေးဝါး အမျိုးမျိုး တာကာ ၄ သိန်းကျော် တန်ဖိုးအား ဘင်္ဂလာအာဏာပိုင်များက ကောစ်ဘဇားခရိုင် အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာမှ ဖမ်းဆီးရမိသည့် ယင်းတန်ဖိုးမှာ အဆိုပါ မှောင်ခိုမူးယစ်ဆေးဝါးများနှင့် လှေတစီးဖြစ်ကြောင်း တာခ်နာမြို့နယ် အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ နုရုလ် အာမိက ပြောကြောင်း ကော့စ်ဘဇားမြို့ထုတ် ယမန်နေ့က သတင်းများက ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ၂၆နှင့် ၂၇ ရက်နေ့များက ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြန်မာလုပ် Golden Dry Gin နှင့် Beer တို့ အများအား ဖြင့် ပါဝင်ကြောင်း ဖေါ်ပြသည်။

သို့သော်လည်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ရောင်းဝယ်ဖေါက်ကားသူများအား ဖမ်းဆီးရမိခြင်း ရှိမရှိကို တစုံတရာ ဖေါ်ပြခြင်းမရှိချေ။

ကော့စ်ဘဇားခရိုင်အတွင်း မြန်မာ့မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းမှာ အများအားဖြင့် ဘင်္ဂလီများသာဖြစ်ကြောင်း သတင်းများက ဖေါ်ပြလေ့ရှိသည်။

No comments: