Tuesday, November 27, 2012

ကြံခင်းဖျက်မည့် ကုမ္ပဏီကို မူစယ်ဒေသခံများ တားဆီး

သျှမ်းသံတော်ဆင့်

ယာဉ်ရပ်နားဝင်းတည်ဆောက်ရန် သိန်းသန်းချီ ဆောက်လုပ်ရေးကုမ္ပဏီမှ သိမ်းယူထားသည့် သျှမ်းပြည် (မြောက်ပိုင်း) မူ စယ်မြို့ ဂေါက် ကွင်းအနီးရှိ ကြံစိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက ကုမ္ပဏီမှ ကြံခင်းခုတ် ထွင် ရှင်းလင်းရန် သွားရောက်စဉ် တုတ်ဓါးကိုင်ဆောင်ထားသည့် ဒေသခံများက တားဆီးသဖြင့် နှစ်ဘက်တင်းမာနေကြောင်း သိရသည် ။

၁၃ ဧကခန့် ကျယ်ဝန်းသည့် ၄င်းမြေကွက်အား ကုမ္ပဏီမှ တစ်ဧက ကျပ်သိန်း ၃၀ နှုန်းဖြင့်လျော် ကြေး ပေး၍ သိမ်းယူ ထားခြင်း ဖြစ်ပြီး ယ မန်နေ့ကမှ မြေကွက်ပိုင်ရှင်က လျော်ကြေးငွေအား လက်ခံခဲ့ ကြောင်း သိရသည် ။

ထိုသို့ လျော်ကြေးငွေ လက်ခံထားသော်လည်း လက်ရှိ စိုက်ပျိုးထားသော ကြံခင်းအား ဖျက်ဆီးပစ်မည် ကို ပိုင်ရှင်နှင့် ဒေ သခံများက လက် မခံ၍ တားဆီးခြင်း ဖြစ်ကြောင်း မျက်မြင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကုမ္ပဏီက မြေညှိဖို့ ကြံတွေလာခုတ်တာ အဲဒီမှာ ရွာသားတွေက ဓါးတွေနဲ့ဝိုင်းတော့ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်ခုတ်တဲ့အဆင့်တော့ မရောက်ဘူး နေ့လည်ပိုင်းအထိ ဓါးတွေနဲ့စောင့်နေတာ ပြဿနာက မပြီးသေးဘူး” ဟု ၄င်း ဒေသခံက ဆိုသည် ။

ယခုဖြစ်ပွားသည့် ပြဿနာနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် ဒေသခံ မြေကွက်ပိုင်ရှင်တို့ အကြား ပြေလည်မှု မရရှိသေးပဲ တင်းမာနေရာ ကုမ္ပ ဏီ ဘက်မှ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည် ။

၎င်းဆောက်လုပ်ရေးကုမ္ပဏီသည် မြန်မာအစိုးရဝန်ကြီးပိုင်းနှင့် နီးစပ်မှုရှိပြီး ကားဝင်းဆောက်လုပ်ခွင့် ရရန် မူစယ်ဒေသခံ လုပ်ငန်းရှင်များ ထံမှ ငွေကြေးလက်ခံရယူမှုရှိကြောင်း မူစယ်ဒေသခံများ အဆိုအရ သိရသည် ။

No comments: