Thursday, November 29, 2012

သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထားရ

မဇ္ဈိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသောဝမ်ပေါင်ကုမ္ပဏီရုံး ရှေ့မှ ပင်မ သပိတ်စခန်းကို ကြာ သပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်း ခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထား ကု သမှု ခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေ အနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။

ဆေးရုံမတင်ရသော်လည်း သံဃာ အပါး ၅ဝ နှင့် လူ ၅ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

“စစချင်း တိုင်ကီတွေ တင်ထားတဲ့ ရေပိုက်တွေနဲ့ ထိုးတယ်။ နောက်တော့ ပစ်တယ်။ ပစ်တဲ့လက်နက်က တော့ ဘာဆိုတာ တိတိပပအ ဖြေ ထွက်မလာသေးဘူးဗျ။ ဖုန်းကနဲ အသံကြားပြီးတော့ မီးခိုးတွေ ထွက်လာပြီး မီးလောင် တာတဲ့။ သူတို့သိလိုက်တာက ခြောက်ချက် ခုနှစ် ချက်လောက်ပဲ။ အဲလိုဖြစ်တဲ့အချိန်မှာ ဘာမှလည်း မမြင်ရတော့ ဘူးတဲ့။ ဝရုန်းသုန်းကားနဲ့ ပြေးကြ တာ” ဟု ဆိုသည်။

ရရှိခဲ့ကြသောဒဏ်ရာများနှင့်ပတ်သက်၍ “မျက်ရည်လည်းမကျဘူး။ မျက်လုံး ပူစပ်တာလည်း မဖြစ်ဘဲ ထိတဲ့ဒဏ်ရာ မှာ ဖြစ်စက ပူတယ်။ ပွတ်လိုက်တော့ မီးလောင်သလိုမျိုး အကွက်။ အဖုလည်း မဟုတ်ဘူး” ဟု ပြောသည်။

သပိတ်မှောက် သံဃာများထဲမှ ၁ဝ ပါး ပျောက်ဆုံးနေကြောင်းလည်း သိရှိရသည်။

သပိတ်စခန်းမှာ မီးလောင်ကျွမ်းသွားပြီး ယခုအခါ ပုသိမ်-မုံရွာ ကားလမ်း၏ ဝမ်ပေါင်ကုမ္ပဏီဝင်းကို သံဆူးကြိုးများဖြင့် နှစ်ဖက်ပိတ် ကာ ထား ကြသည်။ လုံခြုံရေးများလည်း ချထားပြီး ဒိုင်းများ၊ တုတ်များအပြင် သေနတ် တို/ရှည် များလည်း ကိုင်ဆောင်ထားကြသည်။

သပိတ်အင်အားစု များကမူ ထိုစီမံကိန်း ရပ်စဲရေးအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟု ဆိုကြသည်။

No comments: