Friday, November 30, 2012

ကားတိမ်းမှောက်၍ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ် ၃ ဦး သေဆုံး


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ကားတိမ်းမှောက်ရာမှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တရုတ် အမျိုးသား (၃) ဦး သေဆုံးသွား ကြောင်း သတင်း ရရှိသည်။

နိုဝင်္ဘာလ ၂၈ ရက်ထုတ် ကြေးမုံ သတင်းစာ အရ သေဆုံးသွားသူများမှာလာ ဒကီ (၄၂) နှစ်၊ မစ္စ တာ ချိုင်ဂျော့လိုင် (၃၇) နှစ်နှင့် မစ္စတာ မာဖူး (၅၈) နှစ် တို့ ဖြစ်ကြသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ရန်ကုန်မှ မန္တလေးသို့ ဒရိုင် ဘာ ဇော်မင်းချန် မောင်းနှင် လာသော ရေနံနှင့် သဘာဝဓါတ်ငွေ့ဆက်သွယ် ရေး လုပ်ငန်းမှ ပါဂျဲရိုး ယာဉ် အမှတ် ၅၈ သည် မိုင်တိုင် အမှတ် ၃၁၂⁄၈ အနီး အရောက်တွင် ကားဝဲဘက် ဘီး ပေါက်ကာ အရှိန်လွန်ပြီး တိမ်း မှောက်သွားခဲ့သည်ဟု ဆိုသည်။

ကားဒရိုင်ဘာ ဇော်မင်းချန် (၃၈) နှစ်နှင့် နောက်တရုတ် အမျိုးသား တစ်ဦးဖြစ်သူ ယောင်ရှားတောင် (၃၅) နှစ်တို့မှာ ပြင်းထန်စွာ ဒဏ် ရာ ရရှိ သွားပြီး မန္တလေး ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

No comments: