Saturday, November 24, 2012

ဟားခါးမြို့ပေါ် လျှပ်စစ်မီး အထူးလိုင်းတွေ ပြန်လည်ဖြုတ်သိမ်း

khonumthung

ယခုလ တတိယ ပတ်မှ စပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် အထူးလိုင်းအဖြစ် ပေးနေ သည့် လျှပ်စစ်မီးများကို သက်ဆိုင်ရာ က ပြန်လည်ဖြုတ်သိမ်းနေပြီဟု သိရသည်။

စစ်အစိုးရအုပ်ချုပ်ရေးကာလမှ ယနေ့အထိ ဟားခါးမြို့ပေါ် ဟော်တယ်၊ ဘုန်းကြီးကျောင်း၊ တပ် စခန်း၊ ပြည်သူ့ရဲစခန်းနှင့် အခြား အစိုး ရအ ရာရှိတွေထံ Special Line အဖြစ် သက်ဆိုင်ရာက ပေးနေခြင်းဖြစ်သည်။

“ ဟော်တယ်၊ ဘုန်းကြီးကျောင်းအတွက် ချပေးနေသည့် လျှပ်စစ်မီးတွေကို စဖြုတ်နေတယ်၊ ကျန် တဲ့နေရာတွေတော့ မဖြုတ်ရသေးဘူး၊ ယခု လိုဖြုတ်တာ မြို့ပေါ် မီးရရှိမှု မျှတနိုင်ဖို့ပါ” ဟု ဒေသခံ တဦးက ပြောသည်။


သက်ဆိုင်ရာက ယခုကဲ့သို့ လျှပ်စစ်မီးအထူးလိုင်းတွေ ပြန်လည်ဖြုတ်ခြင်းသည် ယခုလ ၁၆ ရက်နေ့ က ဟားခါးမြို့ တော် ခန်းမတွင် လျှပ် စစ်မီးပုံမှန်မရခြင်းအပေါ် ဒေသခံများ ဆန္ဒဖော်ထုတ် မှုအကျိုးဆက်ဖြစ်မည်ဟု ဒေသထုတ် သတင်း တွေက ရေးသားထားသည်။

“ ဟားခါးမြို့ပေါ်မှာ ဒေသခံပြည်သူတချို့ဟာ ၄ ရက် မှာ တခါလောက်ပဲလျှပ်စစ်မီးရရှိတာတွေက မမျှတဘူးပေါ့၊ အထူး သဖြင့် ကျောင်းသား ကျောင်းသူတွေ ဒုက္ခရောက်တာတယ်” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။

ဟားခါးမြို့ပေါ်အတွက် လျှပ်စစ်မီးအား ကီလိုဝပ် ၅၀၀၀ လိုအပ်မည်ဖြစ်သော်လည်း လက်ရှိ ကီလိုဝပ် ၇၀၀ သာ အသုံး ပြုနိုင်ကြောင်း လျှပ်စစ်ဝန်ထမ်းတဦးက ဆိုသည်။

အလားတူ ချင်းပြည်နယ် အခြားမြို့များတွင် လျှပ်စစ်ဓါတ်အား ပုံမှန်မရရှိခြင်းကြောင့် ဒေသခံများ ဆန္ဒဖော်ထုတ်မှု များပြုလုပ်နေကြ ကြောင်း သိရသည်။

No comments: