သဇင်ဥ
မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသော မြန်မာလုပ် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ခန့်အား ကြာ သပတေးနေ့က ဖမ်းဆီးမိကြောင်း ဘင်္ဂ လာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူး ဇာဟိဒ် က ထုတ်ဖေါ် ပြောဆို လိုက်သည်။
ယင်းBGBမှ နိုဝင်္ဘာ ၂၂ ရက်နေ့က Golden အရက် ၃၆၀ ကာတွန့်၊ ဘီယာ ၉၆ ကာတွန့်၊ Country Gin ၂၀၂ လုံး၊ မန္တလေး ဘီယာ ၁၅၅ လုံး နှင့် တခြားမူးယစ်အရက်များ အပါအ၀င် စုစုပေါင်း တာကာ ၉၇၀၀၀၀ (ကျပ်သိန်း ၁၀၀ ခန့်) တန်ဖိုးအား မူးယစ် ရောင်းဝယ်ဖေါက် ကား သူ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ဘင်္ဂလီများဖြစ်ပြီး ဇာဖေါ်ရ် အာလောင်မ်(၆၀)နှစ်၊ ဖေါ်ရိဒ် (၁၂)၊ မာဟ်ဖူဇူရ် ရော်ဟ်မာန် (၁၈)နှင့် နရုမိုစ္စတာ(၁၈)နှစ် ဖြစ်ကြောင်းလည်း အတည်ပြုပြောဆိုခဲ့သည်။
ထို့ပြင် ကော့စ်ဘဇားမြို့ ရဲဋ္ဌာနက မြန်မာလုပ် ရာဘားဆေးပြား ၆၀၀ လုံးနှင့်အတူ မူးယစ်ဖေါက်ကားသူ မိုဟာမတ် အိုစမာ(၃၀)နှစ်အား ကော့ စ်ဘဇားမြို့ ကားဂိတ်မှ ကြာသပတေးနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ကထုတ် DAINIK COX'S BAZAR သတင်းစာက ဆို သည်။
No comments:
Post a Comment