Tuesday, November 27, 2012

မြန်မာ အနောက်ဘက် နယ်စပ် တင်းမာ၊ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်

နိရဉ္စရာ

မြန်မာ တပ်သား ၃ ဦး ဖမ်းဆီး ခေါ်ယူသွားခြင်း ခံရပြီး နောက်ပိုင်း နှစ်ဘက် တပ်များကို နယ်စပ် တွင် တိုး ချဲ့ ချနေသဖြင့် အခြေအနေမှာ တင်းမာနေပြီး တပ်သား ၃ ဦး ဖမ်းဆီးခံရမူနှင့် ပတ်ပြီး လည်း နှစ်နိုင်ငံ အကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲ မှုများ ပေါ်ပေါက်နေကြောင်း သိရသည်။

နိုင်္ဘာလ ၆ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ ကျေးရွာအနီးတွင် လမ်းလုပ်နေ သည့် အင်ဂျင်နီ ယာ (၃) ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်း တပ်သား (၃) ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် မြန်မာနှင့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတို့ အကြား နယ်စပ်တင်းမာမူနှင့် အတူ အ ပြန်အလှန် စွပ်စွဲမူများလည်း ပေါ်ပေါက်နေသည်ဟု မြန်မာ- ဘင်္ဂလာ နယ်စပ်သတင်းများကို ရေးသားဖေါ်ပြနေသော Cox’s bazaar news တွင် ဖေါ်ပြသည်။

မြန်မာ နစက နယ်စပ်လုံခြုံရေး တပ်ဖွဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ နတ်ကျောက်ဆိုးရီ အခြေစိုက် ဘင်္ဂလား နယ်ခြားစောင့်တပ် အမှတ် ၁၅ ဘီ ဂျီဘီ တပ်ရင်သို့ များမကြာမီက စာတစ်စောင် ရေးပေးပို့ရာတွင် မြန်မာ စစ်သား ၃ ဦးကို ဖမ်းဆီးသွားသည့်အဖွဲ့မှာ RSO ခေါ် (ရိုဟင် ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့) ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

၎င်းပြင် ဖမ်းဆီးခံထားရသူ မြန်မာ တပ်သား ၃ ဦး လွတ်မြောက်ရန် ကူညီပေးရန် မြန်မာနစက မှ တောင်းဆိုထားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဘင်္ဂလာဒေခ်ျ့ နတ်ကျောက်ဆိုးရီ အခြေစိုက် ဘီဂျီဘီ နယ်ခြားစောင့်တပ်မှ ပြန်လည် အကြောင်း ကြားရာတွင် မြန်မာ စစ်သား ၃ ဦးကို ဖမ်းဆီးသွားသည့် အဖွဲ့မှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ALP ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ သတင်းတွင် ဖေါ်ပြထားသည်။


မြန်မာ နစကမှ အကူအညီတောင်းဆိုသဖြင့် နေရာ ၄ နေရာခုသို့ ဘီဂျီဘီတပ်ဖွဲ့မှ သွားရောက် ရှာဖွေ စုံစမ်းခဲ့သော်လည်း တစ်စုံတရာ သတင်း မရရှိဟု ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

အဆိုပါ တပ်သား ၃ ဦးကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနစကနှင့် ဘင်္ဂလာ ဘီဂျီဘီတို့အကြား ၂ ကြိမ်တိုင် တိုင် ဆွေးနွေးခဲ့ပြီး တစုံတရာ ထူးခြားမှု မရှိသည့် အတွက် တင်းမာမူများ ရှိလာကာ ယခုအခါ နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချထားခဲ့ကြသည်ဟု သတင်းက ဆို သည်။

ယခုကဲ့သို့ နှစ်ဘက်တပ်များ တိုးချဲ့လာသည့် အတွက် နယ်စပ်တွင် နေထိုင်သူများ စိုးရိမ်နေကြ ပြီး အိုးအိမ်များကို ပြောင်းရွှေ့ မူများ လည်း ရှိနေကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

မြန်မာဘက်မှ ဗန္ဓုလစခန်းအပါအ၀င် နစက နယ်မြေ ရှိစခန်းများတွင် ရာနှင့်ချီသည့် တပ်အင်အား များ ကို တိုးချဲ့ချထားကြောင်းလည်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နယ်စပ် ခရီးသွားလာခွင့်ကို မြန်မာဘက်က ပြန်လည် ဖွင့်လှစ်ပေး ခဲ့သော်လည်း တပ်သား (၃) ဦးကိစ္စ ကြောင့် အခင်း ဖြစ်ပွားရာ နေရာ ဒေသ အနီးတ၀ိုက်နှင့် နယ်စပ် မိုင်တိုင် အမှတ် (၅၁)၊ (၅၂) နှင့် (၅၃) အကြားတွင် နှစ်ဘက် တပ်များ ကို တိုးချဲ့ချထားကြောင်း သိရသည်။

No comments: