Thursday, November 29, 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ့ဆုံခွင့်မရ

မင်းလွင်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီ စီမံ ကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မနက်ပိုင်းက အင်းအားသုံး ဖြိုခွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပုလဲ မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင် စန်းလှိုင်စီးပွားရေးဦးပိုင်လီမိတက် က တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့် မရခဲ့ဘူး လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ဆွေးနွေးဖို့ ကမ်းလှမ်းတာ အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘယ်သူမှ ကျမတို့နဲ့ တွေ့ဖို့ လက်မခံပါဘူး။ ကုမ္ပဏီရှေ့မှာ ကျ မ ၁ နာရီ လောက် ရပ်ပြီး တွေ့ဆုံဖို့ရာ အကြောင်းကြားတာကို ဘယ်သူမှ အကြောင်းမ ပြန်ပါ ဘူး။”

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် အခု ချိန်ထိ ၇၀ ဒဏ်ရာရရှိသွားပြီး ၂၇ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ မုံရွာမြို့ကို ရောက်ရှိနေတဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ပိုင်းက ဆန္ဒပြသမားတွေ ဖြိုခွဲခံရတာနဲ့ ပတ် သက်ပြီး အသေးစိတ် တင်ပြသွားမယ်လို့ ပြောဆိုပါတယ်။

No comments: