Thursday, November 29, 2012

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ

နိရဉ္စရာ

နိုဝင်္ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့က ပြုလုပ်ခဲ့သော (၆ရ) ကြိမ်မြောက်ကု လသမဂ္ဂ အထွေထွေ ညီ လာခံကြီး၏ (၄၃) ကြိမ်မြောက်တတိယကော်မ တီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင် များကို ရို ဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းကိုမြန်မာဘက်ကပယ်ချလိုက် သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆို သည်မှာ မရှိကြောင်း၊ ကုလသမဂ္ဂ၏ ဆုံး ဖြတ်ချက်ထဲတွင် သုံး နှုန်းဖော်ပြထားသော အသုံးအနှုန်း အပေါ် မိမိတို့ ကိုယ် စားလှယ် အဖွဲ့အနေဖြင့် အပြင်း အထန် ကန့်ကွက်ကြောင်း၊ ရခိုင်ပြည် နယ်အ တွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ ဘာသာရေးအရ ဖိနှိပ်မူကြောင့် ပေါ်ပေါက်လာသော အကြမ်း ဖက်မှုများ မဟုတ်ဘဲ လူမှု အဖွဲ့အစည်း နှစ်ခုအ ကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ ပြန်လည် တုံ့ပြန်ပြောဆို ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မိကြောင်း၊ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်များအပေါ်အကြမ်း ဖက် ဖိနှိပ်မူများကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာ အစိုးရအနေဖြင့်လူနည်းစုဖြစ်သောသူတို့၏အခွင့်အရေးကိုအကာအကွယ်ပေး ရန်တောင်း ဆိုကြောင်း စသည့် အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီ ဆွေး နွေးပွဲ တွင် ချမှတ်ခဲ့သည်ဟု ဆိုသည်။

မြန်မာ ကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာ အမည်ခံထားသူများမှာ ရွှေ့ပြောင်း ၀င်ရောက်လာသူ များသာဖြစ်ကြောင်း၊ သူတို့ကိုယ်သူတို့ ခွဲခြား သတ်မှတ်ရန် ကြိုးစားနေရာတွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အဖြစ် မပြောဆိုဘဲ လူမျိုးစုတခု အဖြစ် သူတို့ဖာသာ ဖန်တည်းသတ်မှတ် ခြင်း မျိုးကို လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး စုများ အထဲတွင် ရိုဟင်ဂျာဆိုသော တိုင်းရင်းသား လူမျိုးစု မရှိပါကြောင်း၊ ယခုကဲ့သို့ သတ်မှတ်မူမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်း ကမှ အသိအမှတ် မပြုခဲ့ဖူး ပါ ကြောင်း၊ ဤကဲ့သို့ အခြေအနေ မျိုးတွင် တိုင်းပြည်၏ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီပါက နိုင်ငံတွင်း မည်သည့် လူမှု အ၀န်းအ၀ိုင်း မဆို နိုင်ငံသားဖြစ်ခွင့်ကို မည်သည့် အခါ မှ မငြင်းပယ်ခဲ့ဘူးကြောင်းနှင့် ငြင်းပယ်မှာလည်း မဟုတ် ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

မြန်မာအနေဖြင့် တတိယ ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ရိုဟင်ဂျာ အမည် သုံးစွဲခြင်းကို ကန့်ကွက် ကြောင်း ပြောဆိုသည်ဟု ရွိုက်တာ သတင်းတွင်လည်း ဖေါ်ပြသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ အခြေအနေအတွက် စိုးရိမ်ကြောင်းနှင့်ရခိုင်ပြည်နယ်တွင်နေထိုင်သူများအားလုံး အ တွက် အကာအကွယ်ပေး ရန် တောင်းဆိုချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။

(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမူ ရေး အဖွဲ့အစည်းများ၏ တစ်စုံတစ်ရာ တုန့်ပြန်မူများ ယနေ့ထိ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

No comments: