KNG
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA)ကြား ယနေ့မနက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်များသည် အနီးကျေးရွာသားများကိုကြိမ်းမောင်းကာ ကျေးရွာရှိခရစ်ယာန် ဘုရား ကျောင်းထဲတွင် သွင်းထားကြောင်းမျက် မြင်သက်သေများပြောသည်။
ဖိုင်ကောင်းကျေးရွာအနီး အစိုးရတပ် (ခလရ ၂၄၀) တပ်ဖွဲ့များနှင့် ကချင်လွပ်မြောက်ရေးတပ် ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ဖွဲ့များ ယ နေ့နံနက် ၇ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီချိန်ခန့်တွင် ကျေးရွာရှိ ပြည်သူများကို အတင်းအဓမ္မကြိမ်းမောင်း ခဲ့ခြင်းဖြစ် ကြောင်းမျက် မြင်သက်သေ တစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။
“အဲဒီရွာနားမှာ ဒီမနက် ၇ နာရီကနေ ပစ်ခတ်ကြတာ။ ပြီးတော့ ရွာကလူတွေအားလုံးကို မောင်းပြီး ဘုရားကျောင်းမှာထည့်ထားတယ်။ပြီးတော့ အစိုးရစစ်သားတွေစောင့်နေတယ်။ ရွာလူကြီးကိုတော့ ဖမ်းပြီး ရိုက်နှက် နှိပ်စက်ပြီးတော့ KIA စစ်သားတွေကို ခေါ်ပေး မခေါ် ပေးရင် မင်းတို့ရွာကို မီးရှို့လိုက်မယ်ဆိုပြီး ဒီနေ့ တနေ့လုံး ဆွဲခေါ်သွားတယ်။”
အစိုးရတပ်များသည် ရွာသူကြီးကို ရိုက်နှက်နှိပ်စက်ပြီးနောက် ညနေပိုင်းတွင် ဘုရားကျောင်းတွင်း ပြန်လည်သွင်းထား ကြောင်း သိရ သည်။
ဖိုင်ကောင်းအနီး တိုက်ပွဲဖြစ်ပွားချိန် အစိုးရဘက်မှ ၆ ဦးသေဆုံးပြီး အချို့မှာဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ သိရှိရသည်။
ဖိုင်ကောင်းကျေးရွာသားများသည် ၎င်းတို့အနီးတ၀ိုက် တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းကြောင့် တချို့ ရွာအနီး တရုတ်နယ်စပ်ဘက်တွင် တဲ များ ပြုလုပ်ထားကာ ပြောင်းရွှေ့နေထိုင်ပြီး စပါးနှင့် အိမ်တွင်း ပစ္စည်း များကို ပြောင်းရွှေ့ထားခဲ့ရာ ၎င်းတဲစခန်းများကိုလည်း အစိုးရ တပ်ဖွဲ့မှ ယနေ့ မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံများပြောသည်။
ဖိုင်ကောင်းကျေးရွာတွင် အိမ်ခြေ ၆၂ ခုရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။ အစိုးရတပ်ဖွဲ့များက ထိုကျေးရွာသားများကို ဘု ရား ကျောင်းတွင် အစာရေစာ အငတ်ထားခြင်းဖြစ်သောကြောင့် ၄င်းတို့သက်ဆိုင်သည့် ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
No comments:
Post a Comment