Friday, November 30, 2012

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

သျှမ်းသံတော်ဆင့်

လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း UW SA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်သို့ထံသွားရောက်လည်ပတ် မည်ဟု ဝခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အ သိုင်း အဝိုင်း ကပြောပါသည်။

“ဒီဇင်ဘာ ၁ ရက်လို့ပြောတယ်။ အတိအကျလို့တော့ပြောလို့မရသေးဘူး။ ရက်နီးမှပြန် အကြောင်း ကြားမယ်ပြောတယ်။ ဦးအောင်မင်းတို့ ကျ နော်တို့ဆီကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဘဲ” ဟု ဝ အကြီးအကဲ တဦးက ပြော ပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဒုတိယအကြိမ်တွေ့ဆုံ ဆွေး နွေးပြီးသည့် အဖွဲ့ဖြစ်သည်။ဆွေးနွေးပွဲ သုံးကြိမ်စလုံးကို ဝ နှင့်နီးစပ်သည်ဟုနာမည်ကြီးသည့် ဦးအောင်သောင်းဘက်မှ ဦးဆောင် ဆွေးနွေး ခဲ့သည်။

ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးအဆင့်၊ အောက်တိုဘာ လ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက် ရေး အပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစ ရှိပါသည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ်တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည် ထောင်စု အဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော် အမတ် ထားရှိရေး စသဖြင့် ဆွေးနွေး ထားခဲ့ဖူး ပါသည်။

ပြည်ထောင်စုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲတွင် သွင်းကုန်ထုတ်ကုန် နှင့်ပတ်သက်၍ ဆွေး နွေးရန် စီစဉ်ထား ကြောင်း ဝ အရာရှိအ သိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြဖူးပါ သည်။ ၎င်းနှင့် ပတ်သက်၍ ယခုလ လယ် ရမခတိုင်းမှူးနှင့် တွေ့ဆုံစဉ် ကြိုးနီခတ်မှု လျော့ လာ သည်ကိုတွေ့ရကြောင်း ၎င်းက ပြန်လည်ပြောပြပါသည်။

“ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်စိုး နဲ့ ကျနော်တို့ ဝ အကြီးအကဲတွေဖြစ်တဲ့ ဒု ဥက္ကဌရှောက် မင်လျှံ၊ ကျောက်ကော် အန်း၊ လီဂျူးလျဲ့ ခေါ် ဦး အောင်မြင့် ၊ ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်း တို့ တန့်ယန်းမှာ တွေ့ဆုံတုန်းက တိုင်းမှူးက ပြော တယ်။ ခုချိန်ကစပြီး ရိက္ခာသယ်ဖို့ကိစ္စ၊ ဘာဘာ ညာညာသယ်ဖို့ ကိစ္စတွေဆိုရင် သက်ဆိုင်ရာဌာန ဆီကိုဘဲ တိုက်ရိုက်ခွင့်ပြုချက် တောင်း ပါ။ စစ်ရေးကိစ္စနဲ့ပတ်သက်လာရင်တော့ သူနဲ့တိုက် ရိုက်ဆိုင်တဲ့သဘော။ တိုင်းမှူး က လူကြီးလုံခြုံရေးအတွက်ဆို လက်နက်ကိုင်တပ်ဖွဲ့ တွေကို လားရှိုးသို့ ဘာသို့ မြို့ကြီးတွေအထိလဲသွားလာ လို့ ရတယ် ပြောတယ်။ ဆိုတော့ ဒီဟာကို ကြည့်ခြင်းအားဖြင့်ကြိုးနီခတ်မှုလျော့ လာတယ်လို့ ပြောလို့ရ တယ်” - ဟု သျှမ်းသံတော် ဆင့် အားပြောပြသည်။

ယခုတကြိမ် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဦးအောင်မင်း နှင့်တွေ့ဆုံရာတွင် မည်သည့်အချက်အပေါ် အ ခြေ ခံ၍ဆွေးနွေးသွားမည် ဟူသည့်အချက်ကိုမူ သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ် ပါသည်။

No comments: