Monday, November 26, 2012

ခုနှစ် ရက်ဗီဇာ၊ တစ်ရက် ဗီဇာဖြင့် နယ်စပ်မှ တဆင့် ဘင်္ဂလာသို့ သွားလာခွင့် မြန်မာ က ပြန်ခွင့်ပြု

မောင်အေး

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အကြား တစ်လနီးပါးခန့် ပိတ်ထားခဲ့သော ခုနှစ်ရက်ဗီ ဇာဖြင့် သွားလာခွင့် နှင့် လွန်ခဲ့သော အပတ်က စတင်ပိတ်ခဲ့သော တစ်ရက် ဗီဇာဖြင့် သွား လာခွင့်ကို မြန်မာဘက်က ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် နယ်စပ်ကို ဖြတ်ကျော်ပြီး တရားဝင် နည်းလမ်း (၂) ခုဖြင့် သွားလာနိုင်ရာ ယင်းတို့မှာ ခုနှစ်ရက်ဗီ ဇာနှင့် တစ်ရက် ဗီဇာတို့ဖြင့် ဖြစ် သည်။ အဆိုပါ နည်းလမ်းဖြင့် သွားလာခွင့်ကို သက်ဆိုင်ရာ နိုင်ငံ နှစ်ခု၏ နယ်စပ် အာ ဏာပိုင်များက ခွင့် ပြုထားခဲ့သည်။

သို့သော် ဇွန်လ အတွင်း ပေါ်ပေါက်ခဲ့သော အရေးအခင်းကြောင့် နှစ်နိုင်ငံ အကြား ခရီး သွားလာခွင့် ကို မြန်မာဘက်က သုံးလခန့် ပိတ် ထားခဲ့ပြီး အခြေအနေ တည်ငြိမ်လာ သော စက်တင်္ဘာလတွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ သို့သော် နောက်ထပ် တစ်ကြိမ် အောက်တိုဘာ လတွင် ဆူပူမူ ပြန်ဖြစ်ပွား လာ သဖြင့် နောက်ထပ် တစ်လနီးပါးခန့်က မြန်မာဘက်က ပြန်ပိတ်ခဲ့ သည်။

မောင်တောနှင့် တက်ကနက်မြို့အကြား နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် ဖြတ်ကျော်ပြီး တရက် တာ ဗီဇာဖြင့် သွားလာခွင့်ကိုမူ ဆက်လက် ခွင့်ပြုထားခဲ့သည်။ သို့သော်လည်း နိုဝင်္ဘာလ ၆ ရက်နေ့က ဂျီးအီး တပ်သား သုံးဦးကို အ မည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က မြန်မာဘက်က ပိတ်ထားလိုက် ပြန် သည်။

ယမန်နေ့ နိုဝင်္ဘာလ ၂၄ ရက်နေ့က မြန်မာဘက်က နယ်စပ် ခရီးသွားလာခွင့် (၂) မျိုးစလုံးကို ပြန်လည် ခွင့်ပြုပေးခဲ့သည်။

တက်ကနက်မြို့ အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က ယခုကဲ့သို့ နယ်စပ် ခရီးသွားလာခွင့် ကို ပြန်လည် ဖွင့်လှစ်လိုက်ခြင်းမှာ သူတို့ အနေဖြင့် မြန်မာဘက်သို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် ယခုလို မြန်မာဘက်က ပြန်လည် ဖွင့်လှစ် ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုသည်။

မြန်မာဘက်မှ နေ့ချင်းပြန် နိုင်ငံကူး လက်မှတ်ဖြင့် ရောက်လာသည့် ကုန်သည်များ၏ အခြေအနေကို မေးကြည့်ရာ တက်ကနက်မြို့ ဒေသခံ တစ်ဦးက ယခုကဲ့သို့ပြောသည်။

“ မနေ့က နိုဝင်္ဘာလ ၂၄ ရက်နေ့မှာ စက်လှေနှစ်စီး ရခိုင်ဘက် မောင်တောက ရောက်ပါတယ်။ ရခိုင်အမျိုးသမီး ၁၀ ဦး ပါတယ်။ ဘင်္ဂလီက ၅၀ ခန့်ပါတယ်။ ဒီဘက် ကလည်း သွားပါတယ်။ ဒီဘက်က သွားတဲ့ စက်လှေမှာ အ၀တ်အထည်တွေ ပါသွားတဲ့အတွက် BGB က စပိဘုတ်နဲ့ လိုက်ပြီး ဖမ်းတာကိုလည်း မြင်လိုက်ရပါတယ်” ဟု ဆိုသည်။

အလားတူ ၇ ရက် နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာဘက်မှ ယမန်နေ့စတင်ရောက်ရှိလာပြီဖြစ်ကြောင်းလည်း တက်ကနက် ကုန်သွယ်ရေး ဂိတ် တွင်အလုပ် လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။

“ မနေ့ ကတော့ မော်တော်ဘုတ်နဲ့ မြန်မာဘက်က အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁၀ ဦးခန့်ရောက်တယ်။ ဒီဘက်ကတော့ မနေ့က သွား တာမရှိဘူး။ ဒီနေ့မှဘဲ ဒီဘက်က စသွားမယ်လို့ သိရပါတယ်။”

မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား ၃ ဦးကို ပြန်လည် မရရှိသေးသော်လည်း နယ်စပ်ကို မြန်မာဘက်က ပြန်လည် ဖွင့်လှစ်နိုင် ခြင်း မှာ နယ်စပ် ဖြတ်ကျော်သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် နယ်စပ်နေ ပြည်သူများ စီးပွားရေး အကျပ်ဆိုက်လာသလို နယ်ခြား စောင့်တပ်ဖွဲ့ဝင်များ၏ ပုံမှန် ၀င်ငွေများ ထိခိုက်လာနေမူကို ရှောင်ရှားလို၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

No comments: