ABC
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အကြောက်တရား လွှမ်းမိုးမှုအလေ့အထတွေ လျော့ကျပျောက်ကွယ်အောင် လုပ်သွားမှာဖြစ်တဲ့အကြောင်း၊ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ခိုင်ခိုင်မာမာရှိဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်ပြီးလျောက်သွားဖို့ မိမိအနေနဲ့ ကတိကဝတ်ပြုနိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ တွေ့ဆုံစဉ်အတွင်း ဦး သိန်း စိန် က ပြောသွားတာဖြစ်ပြီး မြန်မာနိုင်ငံက လက် နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်တွေ ရထားပြီ ဖြစ် တဲ့အတွက် မြန်မာနိုင်ငံမှာ ရည်ရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရပြီဖြစ်တယ်လို့ မပြော နိုင်တဲ့ အကြောင်း၊ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်သွားရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံကို ဥရောပသမ္မဂအဖွဲ့ EU အနေနဲ့ စီးပွားရေးအထောက်အကူတွေ ထပ်တိုးပြီး ပံ့ပိုးသွားဖို့ EU အဖွဲ့ထိပ်သီး ခေါင်းဆောင်တွေက ကတိကဝတ်ပြုခဲ့ကြတဲ့အကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံ သမ္မတအဖြစ် လှည့်လည်တဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်အတွင်း ဘယ်လဂျီယံနိုင်ငံမှာ EU ထိပ်သီးခေါင်း ဆောင် တွေနဲ့ တွေ့ဆုံရာက အခုလို ကတိပြုချက်တွေ ရခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။
ဥရောပသမ္မဂအနေနဲ့ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့အနေနဲ့ ယူရိုငွေသန်း ၁၅၀ ပေးဖို့သဘော တူညီထားတဲ့အတွက် အရင်ကပေးထားတဲ့ အထောက်အပံ့တွေ ထက် နှစ်ဆကျော်ထပ်တိုးထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ စီးပွားရေး အထောက်အပံ့တွေ ထပ်တိုးပေးမှာဖြစ်သလို မြန်မာနိုင်ငံနဲ့ EU အကြား အပြန်အလှန် ရင်းနှီးမြုပ်နှံမှု သဘော တူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ ဖြစ်နိုင်ချေတွေကို ရှာဖွေသွားဖို့ ကတိ ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ဟာ ဥရောပကော်မရှင်ခေါင်းဆောင် Jose Manuel Barroso၊ EU ဥက္ကဌ Herman Van Rompuy နဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ ခေါင်းဆောင် Catherine Ashton တို့နဲ့ သီးခြားစီ ဆက်တိုက်တွေ့ဆုံမှုတွေ လုပ်ခဲ့ရာမှာ EU ဖက်က စီးပွားရေး အထောက်အကူ ကတိက ဝတ်ပြုတာတွေအပြင် မြန်မာအစိုးရအနေနဲ့ ပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ တောင်းဆို ချက် လည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။
EU က နိုင်ငံခြားရေး မူဝါဒရေးရာ ခေါင်းဆောင် Catherine Ashton အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ ဘယ်လိုထပ်တိုးပြီး ကူညီနိုင် မလဲအဖြေရှာဖို့ မြန်မာနိုင်ငံကို အခုနှစ်ကုန်ပိုင်းမှာ လာရောက်လေ့လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment