ABC
စကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လက်ခံဖို့ တိုက်တွန်းလိုက်တဲ့အပေါ်မြန်မာ့အတိုက်အခံခေါင်းဆောင်ဒေါ် အောင် ဆန်း စုဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဒေသခံပြည်သူတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့သိရပါတယ်။
ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ လွတ်တော်က ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို သဘောမတူပဲ ကြေးနီစီမံ ကိန်း လုပ်ငန်းကို ရပ်ဆိုင်းပေးဖို့တောင်းဆို ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒေသခံပြည်သူတွေကို အခုလိုမျိုး တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦး ပိုင်လီမီတက်တို့စာချုပ် ချုပ်ဆိုထားတဲ့ ကြေးနီ စီမံကိန်းကို လက်ခံဖို့တိုက်တွန်းလိုက်ပြီး ပြည်သူတွေကို လျော်ကြေးငွေ ကောင်းကောင်းပြန် ရဖို့အတွက် သူ့အနေနဲ့ ကဓိပေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျော်ရွာမှာ လုပ်ခဲ့တဲ့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံရွာသားတဦးက အခုလိုပြော ပါတယ်။
“ကျော်ရွာဘက်မှာ အဓိကပြောသွားတာကတော့ သူက ဒီကြေးနီစီမံကိန်းကြီးဟာ ဆက်လုပ်သင့်တယ်ဆိုတဲ့ ပုံစံမျိုးပြောသွားတယ်၊ နောက် တချက်က စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့အ စီရင်ခံစာကို တာဝန်ယူပြီးဆောင် ရွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ သူကိုလာပြီးတော့ ဆန္ဒပြ ဖို့တို့ ၊ နောက်တချက်က ဆန္ဒပြခွင့်တင်ဖို့ပေါ့ဗျာ၊ ဆန္ဒပြချင်တယ်ဆိုရင် ဆန္ဒပြခွင့်ကို တရားဥပ ဒေနဲ့အညီ တင်ဖို့လိုတယ်ပေါ့။”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဘ၀ အာမခံချက်တွေ ရရှိရေးတို့အတွက်စာ ချုပ်တွေကို ပြင်ဆင်ချုပ်ဆိုဖို့ လိုတဲ့အကြောင်းနဲ့ လယ်မြေသိမ်း ဆည်း ခံခဲ့ရသူတွေအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နှစ်ပတ်အတွင်း လျှောက်ထားရမှာ ဖြစ်တဲ့အကြောင်း၊ အသိမ်းဆည်း ခံမြေတွေအတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးသွားမှာဖြစ်ပြီး ကော်မရှင် ရဲ့အကြံပြု ချက်တွေကို အကောင်အထည်ဖော်မဲ့ အဖွဲ့တွေက မတ်လ ၁၅၊ ၁၆၊ ၁၇ ရက်မှာ ကွင်းဆင်းလေ့လာ သွားမှာဖြစ်တဲ့ အကြောင်း လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်မှာပဲ ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုမှာ ပါခဲ့တဲ့ ဒေသခံတစ်ယောက်က အခု လို ပြောပါတယ်။
“အဓိကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေထွက်ပေါ်လာတဲ့ အဖြေကို လုံးဝလက်မခံတဲ့အတွက် ဆန္ဒ ထပ်ပြတာဖြစ်တယ်၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လာလို့ပြတာမဟုတ် ဘူး၊ အဲဒါသူလာတဲ့လမ်းကြောင်းနဲ့ သွားပြီးတော့ ဆုံသွားတဲ့အခါကျတော့ ဒါစုံစမ်းစစ်ဆေးရေး ကော်မရှင်အလိုမရှိပေါ့ဗျာ၊ ကျနော်တို့ အနေနဲ့ ကန့်ကွက်တယ်၊ ရှုံချတယ်။”
အစီရင်ခံစာကို လက်မခံတဲ့ ဒေသခံရွာသား ၂၀၀လောက်က မနေ့က နေ့လည်ပိုင်းမှာ တုံရွာသပိတ်စခန်း ကစထွက်ပြီး ၀မ်ပေါင်ကုမဏီရုံး ရှိရာကို ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ လည်း ဆက်ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံကျေးရွာသူကျေးရွာသားတွေက လက်ပန်းတောင်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးနဲ့ မီးခိုးဗုံးတရားခံများကို စုံ စမ်းစစ်ဆေးအရေးယူပေးရေးကို တောင်းဆို ဆန္ဒပြနေစဉ်မှာပဲ ၀မ်ပေါင်ကုမဏီနဲ့ ကျော်ရွာ အကြားမှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာ တဲ့ ယာဉ်တန်းနဲ့ တွေ့ဆုံခဲ့ပေမဲ့ ပဋိပက္ခဖြစ်ပွာမျိုးမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ဒေသခံတွေဖက်က ကန့်ကွက်နေပေမယ့်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ကတော့ အစီရင်ခံစာ ရဲ့အကြံပြူချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့တဲ့အကြောင်းသိရပါတယ်။

No comments:
Post a Comment