ရွှေအောင်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက် ပါ တယ်။
ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ် ကြီးနား မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေး ခဲ့ တာပါ။
သူရဦးအေးမြင့်က “ဒါကတော့ အခုလက်ရှိလက်ခံကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို တချို့နေရာလေးတွေမှာ ပြင်သင့်တယ်ဆိုတဲ့အနေအထားလေး တွေ ပြည် သူဆီက တော်တော် များများ ကြားနေရပါတယ်။ ကျနော်တို့က ပြင် မယ်ဆိုရင်လည်း သေသေချာချာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်ရပ် အထူးသ ဖြင့် ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြင်ဆင်သင့်တယ် ဆိုပြီး ကော်မတီ၊ ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးပါတီကဦးဆောင် တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး သူရဦးအေးမြင့်က အခုလို ပြောပါတယ်။
“ပါတီအနေနဲ့လည်း ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့ဆန္ဒသဘောထားတွေကိုကြိုဆိုပြီး နားစွင့်နေပါတယ်။ နားစွင့်နေတဲ့အခါတိုင်းရင်းသား တွေဘက်ကရော၊ ပြည်သူ တွေ ဘက်ကရော တချို့သောအခြေခံ ဥ ပဒေထဲက အချက်အလက်တွေဟာ ခေတ်နဲ့အချိန်အခါနဲ့ မကိုက်ညီတာ တွေရှိတယ်ဆိုတဲ့ တော်တော်များများလေး ဆွေးနွေးပြောကြားတာကြားရတယ်။ ဒါတွေဟာလည်း အခြေအနေအချိန်အခါအရ တခြားအခြေခံ ဥပ ဒေတွေလည်း ဒီလိုပဲ ပြင်ဆင်ပြောင်းလဲနေတာတွေ ရှိတဲ့အတွက် ကျနော်တို့ဆီမှာလည်း လုပ်သင့်တယ်လို့ ယူဆပြီး လုပ်တာပါ။”
ဒီအဆို အောင်မြင်ဖို့ လွှတ်တော်ရဲ့ နှစ်ရပ်ရဲ့ ဗဟိုဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် အတည်ပြုရမှာ ဖြစ်ပါတယ်။
ဒီအဆိုအောင်မြင်သွားရင် ပြည်သူတွေ လိုလားတဲ့ နိုင်ငံတော်ကို အကျိုးပြုမယ့်၊ ကာကွယ်စောင့်ရှောက်မယ့် ပြည့်စုံတဲ့ အခြေခံဥပဒေတရပ် ပေါ် ပေါက်လာလာမှာဖြစ်ပြီး တိုင်းရင်းသားရေးရာကိစ္စတွေလည်း ပိုကောင်းလာမယ်လို့ သူရ ဦးအေးမြင့်က ပြောပါတယ်။

No comments:
Post a Comment