Tuesday, March 19, 2013

တိုက်ပွဲကြောင့် ၁နှစ်ကျော် ပိတ်ခဲ့တဲ့ ဗန်းမော်-လိုင်ဇာကားလမ်းပြန်ဖွင့်

ABC

ကချင်ပြည်နယ်အတွင်း ​အစိုးရတပ်တွေနဲ့ ​KIA ​တပ်ဖွဲ့တွေကြား ​၂၀၁၁ခု ​ဇွန်လ ​၉ရက်နေ့ကနေ ​စတင်ဖြစ် ​ပွားခဲ့တဲ့ ​တိုက်ပွဲတွေကြောင့် ​၂နှစ် နီးပါးပိတ်ထားခဲ့တဲ့ ​ဗန်းမော်-လိုင်ဇာကားလမ်းကို ​မတ်လ ​၁၈ရက် ​နေ့မှစပြီး ​ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ ​သိရပါတယ်။

ဒီကနေ့ ​ဗန်းမော်-လိုင်ဇာကားလမ်းပြန်ဖွင့်လိုက်တာနဲ့ ​ပတ်သက်လို့ ​ဗန်းမော်ဒေသခံတဦးက ​အခုလိုပြောပါ ​တယ်။

“ဗန်းမော်-မြစ်ကြီးနား ​ဒီနေ့သွားကြပါတယ်၊ ​စစ်ဖြစ်စကတည်းကနေပြီးမှ ​ယနေ့အချိန်ထိ ​ပိတ်ထား ​တယ်၊ ​ဒီနေ့မှစပြီး ​တော့သွားတာလေ၊ ​အ ဓိကတော့ ​ဒီလိုင်ဇာရယ်၊ ​ဒီ လွယ်ဂျယ်လမ်းရယ်က ​ကျနော်တို့ ​ဗန်းမော်ဒေသခံသားတွေ ​ကူးသန်းရောင်းဝယ်နေတဲ့ဝင်ပေါက်ထွက်ပေါက်ဂိတ် ပဲလေ၊ ​သွားလာရေးကြပ်တည်းသွားတဲ့အခါကျတော့ ​စီးပွား ​ရေးအရတော့ ​တော်တော်လေး ​အခက်အခဲဖြစ်သွားတယ်၊ ​လိုင်ဇာပိတ်သွားတဲ့အ ခါကျတော့တော့ ​တော်တော် ​လေးထိသွားပါတယ်၊ ​ဗန်းမော်မှာရှိတဲ့ ​ကုန်သည်တွေ။”

အခုလို ​ဗန်းမော်-လိုင်ဇာကားလမ်းပြန်ဖွင့်လိုက်တဲ့အတွက် ​ဒေသခံတွေက ​ကြိုဆိုခဲ့ကြပေမယ့် ​အခုမှပြန်ဖွင့်တာဖြစ်တဲ့အတွက် ​လောလော ဆယ် လုံးဝယုံကြည်စိတ်ချဖို့ ​မ၀ံ့မရဲဖြစ်နေကြတယ်လို့ ​ပြောပါတယ်။

လက်ရှိအခြေအနေမှာ ​ကချင်ပြည်နယ်အတွင်း ​စစ်ပွဲတွေဖြစ်ပွားတာ ​လျော့နည်းသွားပြီး ​ဒါဟာငြိမ်းချမ်းလာမဲ့ ​အရိပ်အယောင်မျိုးဖြစ်နိုင်သလို ​အစိုးရနဲ့ ​KIAတို့ကြား ​ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ​ပေါ်ထွက်လာ တဲ့ ​ရလာဒ် ​တွေအဖြစ်ဒေသခံတွေကယူဆနေပြီး ​ရည်ရှည်ထိန်းသိမ်းသွားဖို့လည်း ​ဒေသခံတွေက ​မျှော်လင့်နေတယ်ကြောင်း ​ရေဒီယိုသြတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: