Tuesday, March 12, 2013

သမ္မတခရီးစဉ်အတွင်း မြန်မာနဲ့ ရင်းနှီးမှုပိုရဖို့ သြစီမျော်လင့်

ABC

သြစတြေးလျ ​နိုင်ငံက ​နှစ်ပေါင်း ​၄၀ ​နီးပါး ​အတွင်း ​ပထမဦးဆုံးအကြိမ်မြန်မာနိုင်ငံက ​ထိပ်တန်းခေါင်း ​ဆောင် ​ကို ​လာမည့် ​တနင်္ဂနွေနေ့မှာ ​ကြိုဆိုမှာ ဖြစ်ပြီး ​သြစတြေးလျနဲ့ ​မြန်မာ ​နှစ်နိုင်ငံ ကြား ​ပိုမိုရင်းနှီးမှုတွေရဖို့ ​မျော်လင့်ကြောင်း ​သြစတြေးလျအစိုးရက ​ပြောပါတယ်။

၁၉၇၄ခုနှစ် ​ဦးနေဝင်း ​အစိုး ​ရ ​ဦးဆောင်တဲ့ ​မြန်မာ ​အစိုးရ ​အဖွဲ့ ​လာရောက် ​လည်ပတ်ခြင်းဟာ ​နောက်ဆုံး ​တကြိမ် ​ဖြစ်ခဲ့ပါတယ်။

သြစတြေးလျ ​ဝန်ကြီး ​ချုပ် ​Julia ​Gillard ​က ​မြန်မာနိုင်ငံ ​သမ္မတကြီး ​ဦးသိန်းစိန် ​ရဲ့ ​အခု ​လို ​လာရောက် ​လည်ပတ်ချိန်မှာ ​သြစတြေးလျ ​နဲ့မြန် မာ ​၂ ​နိုင်ငံကြား ​ပိုမိုရင်းနှီးမှုတွေ ​ရရှိ ​သွား ​နိုင်ဖို့ ​မျှော်လင့်တယ်လို့ ​ဆိုပါတယ်။

သမ္မတ ​ဦးသိန်းစိန်က ​၃ ​ရက်ခရီးစဉ်နဲ့ ​လာမည့် ​တနင်္ဂနွေနေ့မှာ ​သြစတြေးလျ ​နိုင်ငံကို ​ရောက် ​ရှိ ​မှာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ဝန်ကြီးချုပ် ​Julia ​Gillard ​နဲ့တွေ့ဆုံပြီး၊ ​ဂုဏ်ပြုကြိုဆိုတဲ့ ​နေ့လည်စာစားပွဲကို ​ကင်ဘရာမြို့တော်မှာ ​တက်ရောက်ပြီး ​သြ စတြေးလျ ​နိုင်ငံ ​က ​စီးပွါးရေး ​လုပ်ငန်းရှင် အဖွဲ့နဲ့လဲတွေ့ဆုံဖို့ ​ရှိပါတယ်။

ဝန်ကြီးချုပ် ​Julia ​Gillard ​ကတော့ ​ဦးသိန်းစိန် ​အနေနဲ့ ​အခု ​လို ​လာ ​ရောက်လည်ပတ် ​ချိန်ဟာ ​မြန်မာ ​နိုင်ငံက ​အပြောင်းအလဲတွေအကြီးအ ကျယ်တိုး ​တက် ​နေ ​ချိန် ​ဖြစ်ပြီး ​သြစတြေးလျ ​နိုင်ငံ ​အနေနဲ့ ​လဲ ​ပိုမို ​နက်ရှိုင်းတဲ့ ​၂ ​နိုင်ငံဆက်ဆံရေးကို ​ကျင့်သုံးလာနေချိန် ​ဖြစ်တယ်လို့ ပြော ပါတယ်။

မြန်မာနိုင်ငံနဲ့ ​ပတ်သက်ပြီး ​လှုပ်ရှားနေသူတွေကတော့ ​မြန်မာ့ ​နိုင်ငံရေးအပြောင်းအလဲတွေဟာ ​မလုံလောက်သေးတဲ့အကြောင်း ​ဒီထက်ကို ​လုပ်ဆောင်ဖို့လိုအပ်တဲ့အကြောင်း၊ ​သြစတြေးလျ ​နိုင်ငံ ​အနေနဲ့ ​ယခင်စစ်အစိုးရခေါင်းဆောင်တဦးကို ​မကြိုဆိုသင့်ဘူးလို့ပြောသွားပါတယ်။

No comments: