Saturday, March 9, 2013

ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ

မောင်ရမ္မာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီး ချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့် ကျေးရွာသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

“ ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့အပြန် မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ် ပြီး ထိန်းမရဘဲ ထော်လာ ဂျီပါ၊ လူတွေပါ တခါတည်း တောင်ချောက်ထဲကို ကျသွားခဲ့တာ ဖြစ်ပြီးတစ်ဦးသေ ပြီး သုံးဦး ဒဏ်ရာ ရသွားခဲ့ပါတယ် ” ဟု ကမ်းထောင်းကြီး ကျေးရွာသား တစ် ဦးက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ ကမ်းထောင်းကြီး ကျေးရွာမှ အဘ ဦးတင်ချေ ၏ သား အ သက် (၃၀နှစ်)အရွယ် ဇော်သန်းချေ ဆိုသူဖြစ်သည်။

ထွေလာဂျီ တိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူ တဦး အပါအ၀င် စုစု ပေါင်း ၅ ဦး စီးနှင်း လိုက်ပါလာသည်ဟု ဆိုသည်။

ထွေလာဂျီ မောင်သူမှာ လမ်းခုတ်လတ်မှ ခုန်ဆင်းကျန် လိုက်သဖြင့် တစ်စုံတစ်ရာ ထိခိုက်ခိုက်မူ မရှိခဲ့သော်လည်း ထွေလာဂျီနှင့်အတူပါသွား သူ ၄ ဦးထဲတွင် တစ်ဦးသေပြီး သုံးဦး ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။

“ ဒဏ်ရာရတဲ့ လူ ၄ ဦးထဲက ဒဏ်ရာပြင်းတဲ့ လူနှစ်ဦးကို အမ်း ဆေးရုံကို ယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင် စဉ်မှာ လမ်းမှာ ဒီကနေ့ မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူ ၂ ဦးကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ဆေးကုသ နေပါ တယ်” ဟုဆိုသည်။

ဒဏ်ရာ ရသူများ အထဲမှ မောင်သောင်းခင်မှာ အမ်း ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့် ကိုလမုမောင်မှာ ကမ်းထောင်းကြီး ဆေး ရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိ ကြောင်း သိရသည်။

ယခုအခါ ထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီး သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။

No comments: