Thursday, March 14, 2013

ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဥပဒေကြမ်း ရုတ်သိမ်းပေးဖို့ သတင်း ကော်မတီတောင်းဆို

ABC

ဖေဖော်ဝါရီ ​၂၇ ​ရက်နေ့က ​ပြန်ကြားရေး ​ဝန်ကြီးဌာနက ​ရေးဆွဲထုတ်ပြန်ကြေညာခဲ့တဲ့ပုံနှိပ်ခြင်း​နှင့် ထုတ်ဝေခြင်း ​ဥပဒေမူကြမ်းကို ​ပြန်လည်ရုတ် သိမ်းပေးရေး ​သတင်းလွတ်လပ်ခွင့်ကော် ​မတီကတောင်းဆို လိုက်တယ်လို့သိရပါတယ်။

ကော်မတီအနေနဲ့ ​ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းမှာပါတဲ့ ​အကျုံးဝင်မယ့် ​စာနယ်ဇင်း ကောင်စီက ​ရေးဆွဲထားတဲ့ ​မီဒီယာဥပဒေမူကြမ်း ဟာ ​ပြည်သူလူထုရဲ့ ​အကျိုးစီးပွားကို ​အာမခံတယ်ဆိုရင် ​ထောက်ခံ ​သွားမှာ ​ဖြစ်ပြီး ​နိုင်ငံတော်သမ္မတ ​ပြည်သူ့လွှတ်တော်နှင့် ​အမျိုးသား လွှတ်တော် ​ဥက္ကဌ ​တို့ကို ​ဆက် ​လက် ​ပေးပို့သွားမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အစိုးရ ​ပုံနှိပ်ဥပဒေကြမ်းမှာ ​ပြန်ကြားရေး ​၀န်ကြီးဌာနက ​မှတ်ပုံတင်အရာရှိဟာသတင်းမီဒီယာလုပ်ငန်း ​လုပ်ကိုင်ခွင့်၊ ​သက်တမ်းတိုးခွင့်၊ရုပ်သိမ်းခွင့်များ ​လုပ်ပိုင်ခွင့်ရှိတဲ့အတွက်အထူးအာဏာ ​ပေးအပ်ခံထားရသ လို ​ဖြစ်နေတယ်လို့ ​ပြည်သူ့ခေတ်ဂျာနယ်အတိုင်ပင်ခံအယ်ဒီတာ ​ဦးဖေမြင့်ကပြောပါတယ်။

"၁၉၆၂ ​ဥပဒေဆိုရင် ​အင်မတန်မှ ​ကြောက်စရာကောင်းပါတယ်။ဆိုးပါတယ်။ကျွန်တော်တို့ ​ရေးခွင့်သားခွင့်မရတာ ​ကျွန်တော်တို့ ​အားလုံး ​အသိဘဲ။အခု ​ထွက်လာတဲ့ ​ဥပဒေ သည် ​ရုတ်တရက်ဆိုတော့သိမ်မွေ့သလို ​ထင်ရတယ်။သို့သော် ​ဒီလို ​အလားတူ ​ဖြစ်လာမယ့် ​အနေအထားရှိတယ်။ဒီခေတ်မှာ ​မီဒီယာနဲ့ပတ်သက်တဲ့ ​ဥပဒေတစ်ခု ​ပြဌါန်းမယ် ​ဆိုလို့ ​ရှိရင် ​အဲဒီဥပဒေသည် ​စာနယ် ဇင်း ​လွတ်လပ်ခွင့်ကို ​ကာကွယ်စောင့်ရှောင်တဲ့ ​ဥပဒေမျိုးပဲဖြစ်သင့်တယ်။စာနယ်ဇင်းသမားရဲ့လွန်ကျွံတဲ့ကိစ္စတွေကို ​သက်ဆိုင်ရာနည်းလမ်းဥပဒေတွေ ​ရှိပြီးသား ​သာလျှင်ဖြစ်တယ်။အထူးတလည်​ဥပဒေမ လိုဘူး လို့ ​ကျွန်တော်တို့ ​ယူဆတယ်။ဒါကြောင့်မို့လို့ ဒီဥပဒေကြမ်းကိုမလိုလားဘူး။ဒီဥပဒေထဲမှာ ​အားနည်းချက်တွေ ​ရှိတယ်။ဒီဥပဒေကို ​အလုံးစုံ ​ဖျက်သိမ်းပေးတာကိုပဲလိုလားတယ်။ဒါကြောင့်ကန့်ကွက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ​ဒု ​ဝန်ကြီး ​ဦးရဲထွဋ် ​ကတော့ ​ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ​ဥပဒေကြမ်းဟာ ​၁၉၆၂ ​ခုနှစ် ​ပုံနှိပ်သူများနှင့် ​ထုတ်ဝေသူများ ​ဥပဒေကို ​ပယ်ဖျက်ရေးအတွက် တင်သွင်းထားတာ ​ဖြစ်ပြီး ​ဗဟိုကြီးကြပ်ရေးအဖွဲ့ ​ဖွဲ့စည်းမှုမှာလည်းနောက်ကြောင်းပြန်လှည့်ပြီးစာနယ်ဇင်းနဲ့ ​သတင်းလွတ်လပ်ခွင့် ​ကိုထိန်းချုပ်ဖို့ ​မဟုတ်ဘူးလို့ ​ငြင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်က ​ကိုနန္ဒစစ်အောင်ကတော့ ​အခုလို ​ပြောပါတယ်။

“ပုံနှိပ်ခြင်းနှင့် ​ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဟာစာနယ်ဇင်းနဲ့ပုံနှိပ်ထုတ်ဝေတဲ့ ​လူ့အဖွဲ့အစည်း ​ကိုကိုယ်စား ပြုဖို့လိုအပ်ပါတယ်။ဒီအဖွဲ့အစည်းကိုအုပ်ချုပ်ဖို့ ​စည်းမျဉ်းစည်းကမ်း တွေ ဥပဒေတွေဟာ ​ဒီလူ့အဖွဲ့အစည်း ထဲက ​ပေါ်ထွက်လာရမှာပဲ။ဒါကအခြေခံကျပါတယ်။အဲတော့ ​ဒီလူ့အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုရင်ဒီအ ဖွဲ့အစည်းရဲ့ ​ဥပဒေမဟုတ်ပါဘူး။အဲဒီဥပဒေကိုလည်း ​မျှတ တဲ့ဥပဒေအဖြစ် ​လက်မခံနိုင်ပါဘူး။ ကန့်ကွက်ပါတယ်။”

ပြည်သူ့လွှတ်တော် ​အားကစား၊ ​ယဉ်ကျေးမှုနှင့်ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ​ကော်မတီ ဥက္ကဋ္ဌ ​သူရဦးအေးမြင့်က ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ ​(ယာယီ)က ​ရေးဆွဲနေတဲ့ မီဒီယာဥပဒေကြမ်း ​ထွက်ရှိတဲ့ထိ ​ပြန်ကြားရေးဝန်ကြီး ​ဌာနက ​ရေးဆွဲတင်သွင်းလာတဲ့ ပုံနှိပ်ခြင်းနှင့် ​ထုတ်ဝေခြင်းလုပ်ငန်း ​ဥပဒေကြမ်းကို ဆိုင်းငံ့ထားသင့်တယ်လို့တရားဝင် ​ထုတ်ပြန် ​ပြောဆိုထားတယ်လို့ ​သိရပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘလော့ကာ ​ကိုနေဘုန်းလတ်ကတော့ ​အခုလို ​ပြောပါတယ်။

"ကျွန်တော်တို့မှာ ​စာနယ်ဇင်းကောင်စီ(ယာယီ)ဆိုပြီး ​ရှိထားပြီးသားပဲ။အဲဒီ စာနယ်ဇင်းကောင်စီက လည်း ​မီဒီယာ ​ဥပဒေကို ​ဆွဲနေပြီပေါ့နော်။ဒီ ​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေဆိုတာလည်း  ​အဲဒီစာနယ်ဇင်းကောင်စီကဆွဲနေတဲ့မီဒီယာဥပဒေထဲမှာ ​ပေါက်ပွါးပြီးတော့ ​အကြုံးဝင်မယ်လို့ ကျွန်တော် ​တော့နားလည်ထားတယ်။အဲဒီခါကျတော့ ​ဒီကောင်ကြီးကအပိုကြီးလို ဖြစ် နေတာပေါ့။ သူ့အနေနဲ့ကြားထဲက၀င်ပြီးတော့ ​ဒိလိုမျိုး ​ထုတ်စရာအကြောင်းကို မရှိဘူး။စာနယ်ဇင်းကောင်စီ ကနေပြီးတော့ ​လုပ်မယ့် ​အလုပ်ထဲမှာသူ့ဟာသူအကြုံးဝင်သွားမယ်။လို့ ​ယူဆတယ်။အဲတော့မီဒီယာသမားတွေနဲ့ ​ပတ်သက်တဲ့ဥပဒေဟာ ​မီဒီယာသမားတွေက ​မလိုလားဘူးဆိုရင် ​အဲဒါတွေ ကအတည်ဖြစ်လာစရာ ​အကြောင်းကိုမရှိဘူး"

အဲဒီဥပဒေကို ​သတင်း ​လွတ်လပ်ခွင့် ​ကော်မတီနဲ့အတူ ​မြန်မာနိုင်ငံ ​သတင်းစာဆရာများ ​အသင်း (MJA) ​၊ ​မြန်မာနိုင်ငံ ​သတင်းစာဆရာများ ​သမဂ္ဂ ​(MJU)၊ ​မြန်မာ ​ဂျာနယ်လစ် ​ကွန်ယက်(MJN)၊၈၈ ​မျိုးဆက် ကျောင်းသားများ ​အဖွဲ့၊ ​လူ့ဘောင်သစ် ​ဒီမိုကရက်တစ်ပါတီ ​(ပြည်တွင်း)၊ လူ့ဘောင်သစ် ​ဒီမိုကရက်တစ်ပါတီ ​စုစည်းရေးကော်မတီ(ပြည်တွင်း) ​၊ ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသား ​သမဂ္ဂများ ​အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့နဲ့ ​လွတ်လပ်တဲ့ ​ထုတ်ဝေရေး ​လုပ်ငန်းရှင်အချို့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ​ဒီ ပုံနှိပ်ခြင်းနှင့် ​ထုတ်ဝေခြင်းလုပ်ငန်း ​ဥပဒေကြမ်းဟာ ​နိုင်ငံသားနဲ့ သတင်းမီဒီ ယာတွေရဲ့ ​လွတ် လပ်ခွင့်ကို ​ထိန်းချုပ်ထားတဲ့အတွက် ပြန်လည်ရုပ်သိမ်းရေး ​တောင်းဆိုမှုမှာပူးပေါင်း ​ကြမှာဖြစ်တယ်လို့ ​သိရတဲ့အကြောင်း ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မေငယ်က ​သတင်းပေးပို့ထားတာ ​ဖြစ်ပါတယ်။

No comments: