ABC
မြန်မာစစ်တပ်ရဲ့ တစ်နှစ်တာ အသုံးစရိတ်ဘတ်ဂျက်ငွေဟာ စုစုပေါင်းသုံးစွဲစရိတ်ဘတ်ဂျက်ငွေရဲ့ ၁၂% ကျော်သာရှိပြီး ဒေါ်လာ သန်းပေါင်း နှစ်ထောင့်လေးရာ ရှိကြောင်း အေဖက်ပီသ တင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်လာသန်းပေါင်း နှစ်ထောင့်လေးရာထဲက သန်းပေါင်း တစ်ထောင်ကျော်ကိုတော့ စစ်လေယာဉ်နဲ့ လက်နက်တွေ ဝယ်ယူမှုမှာ သုံးစွဲမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးအေးမောင်က ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်အသုံးစရိတ်ကို ပါလီမာန်က ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုပေးခဲ့တာဖြစ်ပြီး အရင်နှစ်နဲ့ယှဉ်ရင် ဒေါ်လာ သန်း ၁၀၀ ပိုနည်းပါးပေမယ့် ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ထက် ပိုများမယ့် အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ယခင်စစ်အစိုးရလက်ထက်တွေအတွင်း စစ်တပ်ရဲ့ အသုံးစရိတ်ဘတ်ဂျက်ငွေကို ဖော်ပြလေ့မရှိသလို အသုံးစရိတ်နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေလည်း လုပ်မယ့်သူတွေလည်း မရှိခဲ့ပါဘူး။
ဒီနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ အသုံးစရိတ်က ဒေါ်လာ ၁၉.၄၉ ဘီလီယံထဲက စစ်တပ်ကို ၂.၄ ဘီလီယံ ခွဲဝေပေးလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ နည်းလွန်းနေပြီး ပျမ်းမျှအားဖြင့် တစ်နှစ်ပတ်လုံး လူတစ်ယောက်စာအတွက် ဒေါ်လာ ၇ ဒေါ်လာ ဝန်းကျင်သာ ကုန်ကျခံပေးနေသ လိုဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်ရဲ့ ၁.၈ % သာ ရှိတယ်လို့ ၂၀၀၉ ခုနှစ်ထုတ် ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်တပ်အသုံးစရိတ်နဲ့ ယှဉ်ရင် ကျန်းမာရေးအသုံးစရိတ်က ၁၀% လောက် ပိုမို နည်းပါးနေကြောင်း သိရပါတယ်။
No comments:
Post a Comment