ABC
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီ သပိတ်စခန်းတွေကို မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်း မ ပေးတဲ့အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်ကို ဒေသခံပြည်သူ ၃ဦးက ဆားလင်းကြီးမြို့နယ်တရားရုံးမှာ မတ်လ (၄)ရက်နေ့က တရားစွဲ ဖို့ တင်ထားပေမဲ့ တရားရုံးက လက်မခံသေးဘူးလို့ သိရပါတယ်။
တရားစွဲဆိုမှုမှာ ဆည်တည်းကျေးရွာက မရီဝင်း၊ ဒေါ်ဝင်းဝင်းဌေးနဲ့ မိုးကြိုးပြင်ရွာက ကိုကျော်နိုင်တို့က တရား လိုလုပ်ပြီး တရားစွဲဆိုခဲ့တာလို့ လက်ပံတောင်းတောင် ဒေသ လယ်သ မားတွေကိုကူညီ ဆောင် ရွက်ပေး နေတဲ့ ကိုသောင်းထိုက်က အခုလိုပြောပါတယ်။
အဓိကစွဲဆိုတဲ့အချက်ကတော့ ၂၉ရက်နေ့ မီးလောင်ဗုံးသုံး အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူဖြေရှင်းမှု မပေးတဲ့ အတွက် ဒီကိစ္စတွေအားလုံးဟာ နိုင်ငံတော် သမ္မတဆီမှာပဲ တာဝန်ရှိတယ် ဆိုတဲ့ကိစ္စ ရယ်၊ ပုဒ်မ ၁၄၄ထုတ်ပြန်တဲ့ကိစ္စကလည်း နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်တယ် ဆိုတဲ့ဟာပေါ့နော် နိုင်ငံတော်သမ္မတကို ကျေး ရွာသူ၊ ကျေးရွာသား၃ယောက်က တရားလိုလုပ်ပြီးတော့မှ ဆားလင်း ကြီးမြို့နယ်တ ရားရုံးမှာ တရားစွဲဆိုထားတာပါ။
လက်ပံတောင်းတောင်ဒေသခံတွေ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက အထက်လူကြီးရဲ့ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ရုံးချိန်း ၁၁ရက်နေ့ကို ပြန်ချိန်းလိုက် တယ်လို့ ကိုသောင်းထိုက်က ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်တရားသူကြီးဒေါ်ခင်ခင်ဆွေကနေပြီးတော့မှ ၁၁ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်၊ တရားစွဲ ဆိုမှုကို လက်ခံထားပေမဲ့ ချက်ချင်းဆောင်ရွက်ပေးနိုင်မှု မရှိသေးဘူး၊ အထက်မှာရှိတဲ့သူတွေ ကိုတင်ပြမယ်၊ တင်ပြလို့မှ ဆက်လက်လုပ်ကိုင်ပါဆိုမှသာ သူက ဒီအမှု ကိုလက်ခံပြီးတော့ ဆောင်ရွက်မယ်လို့ ပြောပါတယ်၊ ခုဟာ ကျနော်တို့က သူလက်ခံမယ်ဆိုမှပဲ ဦးတိုက်လျောက်ထားတဲ့အမှုက ပုဒ်မ တွေတပ် မှာဖြစ်ပါတယ်၊ ခုကလောလောဆယ် ပုဒ်မတွေ မတပ်ရသေးပါဘူး။
လက်ရှိမှာ လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်က လေ့လာတွေ့ရှိချက် တွေနဲ့ အစီရင်ခံစာ ထုတ်ပြန်မဲ့ အချိန်ကို ဒေသခံပြည်သူတွေအနေနဲ့ စောင့်မျှော်နေတဲ့ အ ကြောင်း လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေးနဲ့ သပိတ် စ ခန်းတွေကို မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ ပြောတဲ့ အကြောင်း ရေဒီ ယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

No comments:
Post a Comment