ABC
မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ နိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဥရောပ ၅ နိုင်ငံခရီးစဉ်ကနေ ပြန်ရောက်ခဲ့ပြီး အခု တခါကမ္ဘာ့ တောင် ဖက်ခြမ်းမှာ ရှိတဲ့ နယူးဇီလန် နိုင်ငံ နဲ့ သြစတြေးလျ နိုင်ငံကို ဒီ တ ပါတ်အတွင်းမှာ ထွက်ခွါလာ ဖို့ ရှိပါတယ်။
နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးနဲ့ သြစတြေးလျ နိုင်ငံ ဘုရင်ခံ ချုပ် ကွင်တင်ဘရိုက်စ် တို့ ရဲ့ တရားဝင် ဖိတ်ခေါ်ချက်နဲ့ လာရောက်လည် ပတ်မှာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပြီးခဲ့ တဲ့ နှစ် ဒီဇင်ဘာလ တုံးက လာ ရောက်လည်ပတ်ဖို့ အစီ အစဉ်ကို ရွေ့ဆိုင်း ခဲ့ပြီး အခု အခါမှာ လာ ဖြစ်တော့မှာ ဖြစ်ပါတယ်။
ဥရောပခရီးစဉ်မှာ မြန်မာ နိုင်ငံက ၁၉၈၂ခုနှစ်က အတည်ပြုထားတဲ့ နိုင်ငံသား ဥပဒေပြင်ဆင်ချက် ကို နောက်ထပ်ပြင်ဆင်ဖို့ ရည်ရွယ်ချက် မ ရှိ ဘူးလို့ သမ္မတ က ထွက်ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ကကုလသမဂ္ဂ ကိုတင်ပြတဲ့ အစီရင်ခံစာမှာ မြန်မာ နိုင်ငံတွင်း လူမျိုးရေး ဘာသာရေး အခြေခံပြီး နှစ်ပေါင်းများစွာ နိုင်ငံသား ခံယူခွင့် ငြင်းပယ် ခံနေရသူတွေကို နိုင်ငံသားခံစားခွင့်ပေး ဖို့ အကြံ ပြု တိုက်တွန်း ထားပါတယ်။
ပြည်တွင်းမှာဖြစ်ပွါးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ နဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေးနဲ့မပြီးပြတ်နိုင်တဲ့အကြောင်း ဆက်လက်ပြီး နိုင်ငံရေး အရ ဆွေးနွှေးညှိ နှိုင်းပွဲတွေ ကို တိုင်း ရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ၊ လူမှု အသိုင်းအဝိုင်းက အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ ညှိနှိုင်းပွဲကို ပြု လုပ်ဖို့ ရှိ တယ်လို့ပြောခဲ့ပါတယ်။
No comments:
Post a Comment