Friday, March 15, 2013

ပေါက်တောမြို့နယ်၊ ငပြီတက် ကျေးရွာမှ ဆည်ကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွါး၊ ဒဏ်ရာ ရရှိသူနှစ်ဦးမှာ ဆေးကုသခွင့်မရ

မိုးဇော်

ရခိုင်ပြည် ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာအုပ်စု၊ ငပြီးတက်ကျေးရွာမှ ကျေးရွာပိုင် ဖွံ့ဖြိုးရေးဆည်ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ (၁၁) ရက်နေ့က ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာတွင် ဒဏ်ရာရရှိသူ နှစ်ဦးမှာ ဆေးကုသခွင့်မရဘဲ ပေါက်တော ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သ တင်းရရှိသည်။

ရေချိုချောင်း ထိန်းသိမ်းဆည်ဖို့ရေး ကော်မတီက ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းအောင်ကျော်အပါအ၀င် ကော်မတီ (၇) ဦးဟာ ၂ လပိုင် ၁၁ နေ့ မှာ ဆည်အခြေအနေကို သွားရောက်လေ့လာခဲ့ကြတယ်။ အဲဒီမှာ ဆည်ကို ပုဂ္ဂလိက တစ်ဦးပိုင်အနေနှင့် လုပ်ကိုင်စားသောက်နေတဲ့သူက မကျေနပ်တဲ့အတွက် လူလွှတ်ပြီး ပြဿနာရှာခိုင်းတယ်။ အဲဒီမှာ တဖက်နှင့်တဖက် အပြန်အ လှန် ဓါးနှင့်ခုတ်ကြတယ်။ သိန်းအောင်ကျော်မှာ ဘယ်လက်ဝါးမှာ လက်မတစ်ချောင်းသာကျန်ခဲ့တယ်။ ညာဘက်မှာလည်း ဓါးနှစ်ချက် အခုတ်ခံထားရတယ် နောက်တစ်ယောက်မှာလည်း လက်မှာဒဏ်ရာတွေ ရထားတယ်။ သူတို့ကို ဆေးရုံးကို ပို့ခဲ့တယ်၊ ၂ လပိုင် ၂၈ ရက်နေ့က ဆေးရုံက ရက်ချိန်းပေးထားတာ၊ ဒါပေမယ့် ရဲစခန်း က လက်ရှိကာလထိ အချုပ်ခန်းထဲမှာထည့်ထားတယ်၊ ဆေးကုသခွင့်မရဖြစ်နေတယ်။ " ဟု ဦးမြတ်ထွန်းက ပြောသည်။

ငပြီတက်ကျေးရွာတွင် ကျေးရွာပိုင် ဖွံ့ဖြိုးရေးဆည်တစ်ခုရှိပြီး ယခင်ထောက်လှန်းရေးခေတ်ကာလက အဆိုပါတာအား သိမ်းယူခဲ့ကာ ရ၀တ ဥက္ကဌ ကျော်စိန်လှအား လုပ်ကိုင်စားသောက်ခွင့်ပေးထားခဲ့ရာ လက်ရှိကာလတွင် ကျေးရွာသူ၊ ကျေးရွာသားများက အဆိုပါဆည်အား ပြန် လည်ရ ယူရန်တောင်းဆိုလာကြောင်း သိရသည်။

ရွာသား ၃ဝဝ ကျော်မှ လက်မှတ်ထိုးကာ ပြည်နယ်လွှတ်တော်တွင် ၂၀၁၁ မှ တင်ပြခဲ့ခြင်းဖြစ်ရာ် ပြည်နယ်မှ ကျေးရွာပိုင်အဖြစ် ၁၈-၁- ၂၀၁၃ နေ့တွင် ခွင့်ပြုပေးခဲ့သဖြင့် ရေချိုချောင်း ထိန်းသိမ်းဆည်ဖို့ရေး ကော်မတီအား ၂၅- ၁- ၂၀၁၃ နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှုး သိန်းအောင် ကျော် အပါအ၀င်အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကော်မတီဖွဲ့စည်းပြီနောက် ၁၁-၂-၂၀၁၃ နေတွင် ကော်မတီဝင် (၇) ဦးမှာ ဆည်အားလေ့လာရန် သွားရောက်ခဲ့စဉ် တဖက်မှ လူ(၃) ဦး က ဓါးနှင့် ၀င်ခုတ်ရာ အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ခဲ့ရာ လက်ရှိ တွင် ဒဏ်ရာရသူအပါအ၀င် အဆိုပါကော်မတီ (၇) ဦးစလုံးအား ပေါက် တောရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

No comments: