Monday, March 4, 2013

သမ္မတဦးသိန်းစိန် နိုဘယ်လ်ဆုရနိုင်

ABC

မြန်မာအစိုးရအနေနဲ့ ​နိုဗယ်ငြိမ်းချမ်းရေးဆု ​ချီးမြင့်ခံရနိုင်တယ်လို့ ​ဖင်လန်နိုင်ငံက ​နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ​Martti ​Ahtisaari ​က ​ပြောလိုက် ပါ တယ်။

ဖင်လန်နိုင်ငံ ​သမ္မတဟောင်းဖြစ်သူ ​နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ​Martti ​Ahtissari ​ကိုယ်တိုင် ​နိုင်ငံတကာမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကို ​ဖြေရှင်း ပေး ခဲ့တဲ့အတွက်၂၀၀၈ ​ခုနှစ်က ​နိုဗယ်ငြိမ်းချမ်းရေးဆု ​ချီးမြင့်ခံခဲ့ ရတာ ​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရလက်ထက်မှာ ​လုပ်ဆောင်ခဲ့တဲ့ ​လုပ်ဆောင်ချက်တွေဟာ ​အိမ်စောင့်အစိုးရ ​လက်ထက်အတွင်းကထက် ​ရလဒ်တွေ ​ပိုမိုရရှိတယ်လို့ ​ထောက်ပြပြီး ​နိုဗယ်ဆုရရှိနိုင်တယ်လို့ ​ပြောလိုက်တာဖြစ်ပါတယ်။

မစ္စတာ ​Ahtissari ​ဟာ ​ဖင်လန်နိုင်ငံ ​Helsinki ​မြို့မှာ ​သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံခဲ့ပြီး ​ပြုပြင်ပြောင်းလဲရေးတွေ ​ဆက်လုပ်ဖို့ ​သမ္မတဦးသိန်း စိန်ကို ​တိုက်တွန်းခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​ဖင်လန်နိုင်ငံခရီးစဉ်အတွင်း ​ဖင်လန်နိုင်ငံအစိုးရက ​မြန်မာနိုင်ငံကို ​ဒေါ်လာ ​၈.၄ ​သန်းနဲ့ ​ညီမျှတဲ့ ​ကူညီထောက်ပံ့မှုတွေ ​ပေး မယ်လို့ ​ကြေညာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း ​ဖင်လန်နိုင်ငံက ​စီးပွားရှင်တွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက်ရင်းနှီးကြဖို့ ​ဖိတ်ခေါ်ခဲ့ပါတယ်။

No comments: