Wednesday, March 6, 2013

နယူးယောက် ကွန်ဗင်းရှင်းမှာ မြန်မာအဖွဲ့ဝင်ဖြစ်ဖို့ လွှတ်တော် အတည်ပြု

ABC

မြန်မာနိုင်ငံအနေနဲ့ ​ကုလသမဂ္ဂရဲ့ ​နယူးရောက် ​ကွန်ဗင်းရှင်း ​သဘောတူညီချက်မှာ ​အဖွဲ့ဝင်နိုင်ငံအနေနဲ့ ​ပါဝင်ဖို့အတွက် ​မြန်မာနိုင်ငံ​ပြည် ထောင်စုလွှတ်တော်မှာဆွေး နွေးခဲ့ကြပြီးတဲ့နောက် ​အတည်ပြုချက် ရခဲ့ တယ်လို့ ​သိရပါတယ်။

ကမ္ဘာ့နိုင်ငံတွေအကြား ​ကုန်သွယ်မှုပိုင်းဆိုင်ရာတွေမှာ ​ဥပဒေရေးရာ ​အငြင်းပွား ​မှုတွေကို ​ဖြေရှင်းနိုင်ဖို့ ​ရည်ရွယ်တဲ့ ​ကုလသမဂ္ဂရဲ့ ​၁၉၅၈ ​န ယူးရောက် ​ကွန်ဗင်းရှင်း ​သဘော ​တူညီချက်မှာ ​အဖွဲ့ဝင်အဖြစ် ​ပါဝင်ဖို့အတွက် ​လတ်တလော ​ကျင်းပနေတဲ့ ​ပြည်ထောင်စု ​လွှတ် ​တော် ​မှာ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။

နယူးရောက် ​ကွန်ဗင်းရှင်း ​ဝင်ရောက်ရေးကို ​ဒေါ်အောင်ဆန်းစုကြည် ​အပါအဝင် ​လွှတ်တော် ​ကိုယ်စားလှယ် ​၆ ​ယောက်က ​ဝင်ရောက် ​ဆွေး နွေးခဲ့တဲ့နောက်မှာ ​လွတ်တော်က ​အတည်ပြု ​လိုက်တာ ​ဖြစ်တဲ့အ ကြောင်း ​အမျိုးသားလွတ်တော် ​ကိုယ်စားလှယ် ​ဦးဖုန်းမြင့်အောင်က ​ပြော ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ​၆ယောက်ပါ၊ ​ဒေါ်အောင်ဆန်းစုကြည်ကတော့ ​သူအဓိကဆွေးနွေးတာက ​ဒီ ​New ​York ​Convention ​မှာ ​၀င်သွားပြီးရင် ​ကျနော်တို့ ​အမှုစစ်ဆေးရေးကိစ္စတွေက ​ခုံရုံးပုံစံလုပ် မယ်ပေါ့နော်၊ ​အဲဒါတွေလုပ်ဖို့အတွက် ​နိုင်ငံတကာ ​ဥပဒေပညာရှင်တွေနဲ့ ​တိုင် ပင်ပြီးတော့ ​လုပ်ဆောင်နေပြီလို့ ​သူပြော ​သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံအနေနဲ့ ​နယူးယောက်ကွန်ဗင်းရှင်းကို ​ဝင်ခြင်းရဲ့ ​အကျိုးသက်ရောက်မှုတွေကို ​ခံစားရမှာဖြစ်တဲ့ အ ကြောင်း၊ ​ပြည်တွင်း ​တရားစီရင်မူယန္တရား၊ ​တရားစီရင်မူအခင်းအ ကျင်းဟာ ​အဆင့်အတန်းမှီ ​ဖို့လိုအပ်တဲ့အကြောင်း၊ ​ တရားစီရင်ရေးမဏ္ဍိုင်ပိုပြီးတော့ခိုင်မာဖို့ဆိုရင်တော့ ​တရားဥပဒေပညာရှင်တွေက ​ဒီလိုခုံရုံးတွေနဲ့ ​ပတ်သက်ပြီး ​ပညာဖြည့်စွက်ဖို့ ​အတော်လေးလိုမှာဖြစ်တဲ့ အ ကြောင်း ​ပြောခဲ့သလို ​မြန်မာနိုင်ငံမှာ ​ရင်းနီးမြှပ်နှံဖို့စဉ်းစားတဲ့သူတွေက ​ပြည်တွင်းက ​အခင်းအကျင်းပေါ်မှာ ​ယုံကြည်မူရှိမှပဲ ​မျှော်မှန်းထားတဲ့ ​ရင်းနီးမြုပ်နှံမှုမျိုး ​ရမှာဖြစ်တဲ့အကြောင်း ​ပြောဆိုခဲ့တယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​နိုင်ငံတကာက ​ရင်းနှီးမြုပ်နှံလိုသူတွေ၊ ​ကုန်သွယ်ဖလှယ်လိုသူတွေရဲ့ ​ယုံကြည်မှုရဖို့ဟာ ​အရေးပါတဲ့အချက်ဖြစ်တဲ့ အ ကြောင်းလည်း ​ဦးဖုန်းမြင့်အောင်က ​ပြောပြခဲ့ပါတယ်။

ကျနော်တို့ဆီကို ​လာရင်းနှီးမြုပ်နှံသူတွေရဲ့ ​ယုံကြည်မှုရဖို့ ​ကျနော်တို့က ​လုပ်ပေးတဲ့သဘောပါပဲ၊ ​ကျနော်တို့ ​သိပ်တော်ပါတယ်၊ ​ကျနော်တို့နိုင်ငံအခွင့်ကောင်းတွေရှိပါတယ် ​ကျနော်တို့သိပ်သဘောကောင်း ပါ တယ် ​ဘယ်လောက်ပဲပြောပြော ​သူတို့လက်ခံယုံကြည်လောက်တဲ့ ​Convention ​၀င်တာတွေ ​ရှိမှပဲ ​သူတို့လက်ခံ ​တာပေါ့နော်။

လက်ရှိ ​အဖွဲ့ဝင်နိုင်ငံပေါင်း ​၁၄၆ ​နိုင်ငံ ​ဝင်ရောက်ထားတဲ့ ​နယူးယောက်ကွန်ဗင်းရှင်းမှာ ​အရှေ့တောင်အာရှနိုင်ငံများ ​အာဆီယံအသင်းဝင် ​နိုင်ငံတွေအားလုံး ​ဝင်ရောက်ထားပြီး ​မြန်မာနိုင်ငံ ​တစ်နိုင်ငံထဲသာ ​ကွန်ဗင်းရှင်းမှာ ​ပါဝင်ဖို့ ​ကျန်ရှိနေတာဖြစ်တဲ့အကြောင်း ​ရေဒီယိုသြ စ တြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: