Thursday, March 21, 2013

သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ လားရှိုး၌စတင်

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲကို ယနေ့မနက်စတင်ရာ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင် မင်းလည်း တက်ရောက်ခဲ့ပြီး အစီ အစဉ် ၈ ခုဖြင့် ကျင်းပကြောင်း သိရ သည်။

မတ်ခ်ျလ ၂၀ ရက် ယနေ့မနက် ၉ နာရီတွင်အခမ်းအနားစတင်ရာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက အဖွင့်အ မှာစကားပြောကြားခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌဦးအောင်မင်း မှ စကားပြောကြားခဲ့သည် ဟု ဆို၏။

ထိုနောက်ပိုင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျော်ဆွေမှပေးပို့သောငြိမ်းချမ်းရေးသဝဏ်လွှာဖတ်ကြားခြင်း၊ဆွေးနွေး ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ဖြစ်မြောက်ရေး ကော်မတီဝင်တဦးကဖတ်ကြား ခြင်း၊ ထိုနောက်ပိုင်း ငြိမ်းချမ်းရေးတည် ဆောက်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ ရေးပါတီများကိုယ်စား ဦးအေးသာအောင်က အမြင်သဘောထား များတင်ပြခြင်း၊ လက်နက် ကိုင်အဖွဲ့အစည်းများကိုယ်စား သျှမ်းပြည် တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော်နာယက ဒုဗိုလ်ချုပ်ကြီး ဆေထဲန့်က အမြင် သဘောထားတင်ပြပြီး ယနေ့အဖို့ အခမ်းအနား အစီအ စဉ်ပြီးဆုံးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး၌ ပါဝင်ကူညီ သည့်လူငယ်တဦးကပြောပါသည်။

အခမ်းအနားကို မတ်ခ်ျလ ၂၂ ရက်နေ့အထိ လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက် ရန်အတွက် နိုင်ငံ ရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ် ကြား ထားသော် လည်း ၂၁ ဖွဲ့သာတက် ရောက်ခဲ့ကြောင်း အဆိုပါလူငယ်က ပြောပါသည်။

သို့သော် မည်သည့်အဖွဲ့များမှ တက်ရောက်ရန်ပျက်ကွက်သည်ကို သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရယူနိုင်သေး ပေ။

No comments: