ခိုင်ခိုင် | ကြာသပတေးနေ့၊ မတ်လ ၁၄ ရက် ၂၀၁၃
(၂:၁၅) ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ဆည်တဲ ကျေးရွာမှပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ သပိတ် စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီးဆန္ဒပြကြတယ်။ သူ့နောက် လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ ကြောင်း မဇ္ဈိမကိုပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်ပေး မည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမ ရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊“ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိ သည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း ဒေသခံမှပြောဆိုခဲ့သည်။
ယခုလက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။ လိပ်ခွံတောင် သပိတ်စခန်းနှင့် ဆည်တဲ ကျေးရွာမှာ သုံးမိုင်ခန့် အကွာအဝေးရှိကြောင်း ဆည်တဲကျေးရွာဒေသခံမှ မဇ္ဈိမကို ပြောသည်။

No comments:
Post a Comment