ABC
ပြန်ကြားရေးဝန်ကြီးဌာနက သီးသန့် ထုတ်ပြန်ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေ တဲ့အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ကန့်ကွက်တဲ့ အကြောင်း နိုင်ငံတော်သမ္မတဆီကို ဒီကနေ့ ပေးပို့သွားမယ်လို့ သိ ရ ပါတယ်။
အစိုးရသတင်းစာမှာ ပါတဲ့ ဥပဒေကြမ်းအရ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲလို သတင်းမျိုးဖော်ပြတာကို ကန့်သတ်တာတွေ၊ တရားဝင်အ သိ အမှတ်ပြုထားတဲ့ လက်မှတ်တွေမရှိပဲ ထုတ်ဝေမှုတွေလုပ်မယ် ဆိုရင် ထောင်ဒဏ် ၆ လအထိ ချမှတ်မယ်ဆိုတဲ့ ထိန်းချုပ်မှုတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။
အစိုးရသတင်းစာတွေမှာဖော်ပြခဲ့တဲ့ ဥပဒေကြမ်းအရ မကြာသေးခင်ကပဲ ဖျက်သိမ်းလိုက်တဲ့ စာပေစီစစ်ရေးဌာနရဲ့လုပ်ဆောင် ချက်တွေကို အသက်သွင်းထားတဲ့အချက် လိုမျိုးတွေ ပါနေတဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့လည်း သတင်းလွတ်လပ်ခွင့်ကော်မတီက တာဝန်ရှိသူ တဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက အခုလိုပြောပါတယ်။
“ကျနော်တို့ မီဒီယာသမားတွေအတွက် အခွင့်အရေးတွေနောက် အကာအကွယ်ပေးမှုတွေပါဝင်တဲ့ ဥပဒေရေးဆွဲ နေတာပါ၊ အဲလိုအချိန် ကာ လအတွင်းမှာ သတင်းစာက နေပြီးတော့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ မူကြမ်းဆိုပြီးထွက်လာတယ်၊ ဥပဒေမူကြမ်းရဲ့ ပုဒ်မ ၇တို့၊ ပုဒ်မ ၂၀၊ ၂၁၊ ၂၂ တွေက ထိန်းချုပ်လိုသော၊ ဟန့်တားလိုသောအဓိပ္ပါယ်တွေပါဝင်တဲ့ ပြစ်ဒဏ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပါတာကိုတွေ့ရပါ တယ်၊ အဲဒီအချက်အလက်တွေက ဖျက်သိမ်းသွားတဲ့ စာပေစီစစ်ရေးဌာနက လုပ်ဆောင်ခဲ့တဲ့ အချက်အ လက်တွေမျိုးဆန်ဆန်ပဲ ဖြစ်နေ ပါ တယ်၊ ဒါတွေအားလုံးကို မလိုလားတဲ့အတွက် စာနယ်ဇင်းကောင်စီက နိုင်ငံတော်သမ္မတဆီ ကို စာရေးသားပေးပို့ရတာဖြစ်ပါတယ်။”
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ၂၀၁၂ခု စက်တင်ဘာ ၇ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စာနယ်ဇင်း ကောင်စီရဲ့သက်တမ်း၁နှစ်အ တွင်းမှာ မီဒီယာဥပဒေကြမ်းကို ပြီးအောင်ရေးဆွဲသွားမှာဖြစ်တယ်လို့ ဦးဇော် သက်ထွေးက ပြောပါတယ်။
"ကျနော်တို့က ဒီတနှစ်အတွင်းမှာ ပြီးအောင်ရေးဆွဲသွားမှာဖြစ်ပါတယ်၊ အခုဆိုလို့ရှိရင် ကျနော်တို့တာဝန် ထမ်းဆောင်တာ ၇လ ရှိပါပြီ၊ မီဒီ ယာလောကို ပြီးပြတ်အောင် ရေးဆွဲမယ်ပြီးရင် ပြန်ကြားရေးဝန်ကြီးနဲ့ ပြန်လည်ညှိနှိုင်းပြီးမှ ပါလီမန်ကိုပို့ပြီးအတည်ပြုနိုင်ဖို့ ကျနော်တို့က အဲ လိုမျိုးပဲနားလည်ထားပါတယ်၊ ဒီလိုမူကြမ်း ထွက်လာတဲ့အခါကျတော့ ဒါဘယ်သူကလုပ်တာလဲ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဆွဲတာလား၊ ပြည်ထောင်စုအစိုးရ က ဆွဲတာလား၊ ပြည်သူ့လွတ်တော်ကဆွဲတာလားဆိုတာ ကျနော်တို့က ရှင်းရှင်းလင်းလင်း မသိရပဲနဲ့ ဥပဒေပေါ် ထွက် လာတာပေါ့လေ၊ ဒီဥပ ဒေကတော့ တမူကွဲပြား ခွဲထွက်နေတယ်လို့ ယူဆရပါတယ်။"
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ သမ္မတ ကြီးနဲ့ အစိုးရအဖွဲ့ကို ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အခုလိုမျိုးအနေအထားတွေ ကြောင့် ပြည် သူလူထုတွေနဲ့ အစိုးရကြားမှာ ယုံမှားသံသယတွေ ဖြစ်ပွား လာမှာကို စိုးရိမ်တယ်လို့ လည်း ပြောသွားခဲ့တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
.jpg)
No comments:
Post a Comment