ဇင်ကီး
ဂျော်ဒန်နိုင်ငံ CMJ စက်ရုံမှ လုပ်ခလာစာ တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေသော မြန်မာအလုပ် သမားများအား ဆူပူမှုဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်နေသော အနေဖြင့် မြန် မာများ အခန်းတံခါးများကို ရိုက်ချိုးကာ ကွန်ပျူတာများ ခိုးယူသွားသည်ဟု တရုတ် များက မတရားစွပ်စွဲပြောဆိုနေကြောင်း သိရသည်။
" ဒီနေ့ မနက် (၆)နာရီလောက်မှာ နီပေါတစ်ယောက်နှင့် လုံခြုံရေး အာလဗိုတစ်ယောက်က တ ရုတ်တွေနေတဲ့ အခန်းတံခါးကိုဖျက်ပြီး ကွန်ပျူတာတွေ လာယူသွားတယ်၊ တရုတ်တွေက နေ့လည် (၁၁) နာရီလောက်မှာ ရောက်လာပြီး မြန်မာတွေ ကွန်ပျူတာခိုးပါတယ်ဆိုပြီး ပြောနေတယ်၊ မြန်မာယောင်္ကျားလေးတွေက သူတို့ကို မတရားစွပ်စွဲတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်နေပါတယ်၊ ကျမ တို့က အတတ်နိုင်ဆုံး ဆူပူမှုမဖြစ်အောင် နေတာပါ၊ ဒါပေမယ့် တရုတ်တွေက ဆူပူမှုဖြစ်အောင်ကို ဖန်တီးနေပါတယ်။ " ဟု မြမြင့်ဇူကပြောသည်။
CMJ စက်ရုံမှ မြန်မာအလုပ်သမားများမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ မတ်လ ၁၈ ရက်နေ့ထိ လုပ်ခလစာ တိုးမြှင့်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုကို ကူညီပေးမှုမရှိသဖြင့် ဒုက္ခရောက်နေကြကြောင်းကို မြမြင့်ဇူက ဆက်ပြောသည်။
" ကျမတို့တွေကို ဘယ်သူမှလည်း ကူညီမပေးကြဘူး၊ ဒီမှာရှိတဲ့ မြန်မာလူတွေကတော့ ရိုင်းပင်းကူညီကြပါတယ်၊ ဒီနိုင်ငံက ငွေက ဒေါ်လာ (၁၀၀) ကို ၇၀ ပဲရတယ်၊ လွန် ခဲ့တဲ့ တပတ်ကျော်တုန်းက အခြားစက်ရုံက ကလေးတွေက ဒေါ်လာ (၇၀၀) လာလှူသွားတယ်၊ ဆန်တတ်နိုင် တဲ့သူကဆန်၊ ဆီတတ်နိုင်တဲ့သူတွေက ဆီလာလှူကြတယ်၊ ဒါပေမယ့် အမြဲတမ်းကျတော့ ဘယ် သူက ပေးနိုင်မှာလဲ၊ စားရေးသောက်ရေး လည်း အခက်အခဲဖြစ်လာပြီ၊ ကျမတို့ မြန်မာအလုပ်သမားတွေ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် တောင်းခံချင်ပါ တယ်၊ ကျမတို့ မြန် မာအလုပ်သမားတွေကို ဒီဖုန်းနံပါတ်နဲ့ ၀၀၉၆၂၇၇၇၈၆၅၃၆၅၊ ၀၀၉၆၂၇၈၅၅၁၂၃၃၇ ဆက်သွယ်ပြီး ကူညီပေးကြဖို့ကို မေတ္တာရပ်ခံ ပါ တယ်။ " ဟု မြမြင့်ဇူက ဆိုသည်။
မတ်လ ၃ ရက်နေ့ နံနက်တွင် တရုတ်များက နီပေါနိုင်ငံသားနှင့် ဂျော်ဒန်နိုင်ငံသား အာလဗိုများက တရုတ်များနေသော အဆောင်များအား အ ခန်းတံခါများအား ရိုက်ချိုးကာ ကွန်ပျူတာများ ယူဆောင်သွားပြီး CMJ အထည်ချုပ်စက်ရုံ၏ မန်နေဂျာလက်ထောက် တရုတ်အမျိုးသမီးနှင့် သူ မ၏အမျိုးသား (တရုတ်လူမျိုး)မှ လာရောက်ပြီး မြန်မာများခိုးယူကြောင်းကို ပြောဆိုနေခြင်းဖြစ်သည်။

No comments:
Post a Comment