Monday, March 11, 2013

မြိတ်မြို့ကို ပို့ဆောင်ခံရသူ ရိုဟင်ဂျာတွေ ထောင်တစ်နှစ်စီ ချမှတ် ခံရ

ABC

တနင်္သာရီတိုင်း ​မြိတ်မြို့ကို ​ပို့ဆောင်ခံရတဲ့ ​ရိုဟင်ဂျာအယောက် ​၄၀ ​နီးပါးကို ​မြိတ်ခရိုင်တရားရုံးကနေ ​ထောင်ဒဏ် ​တစ်နှစ်စီ ​ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

ရိုဟင်ဂျာ ​အမျိုးသား ​၃၇ ​ဦးနဲ့ ​အမျိုးသမီး ​၂ ​ဦးတို့ဟာ ​ထိုင်းနိုင်ငံကို ​သွားဖို့ ​ရည်ရွယ်ခဲ့ပေမယ့် ​လူကုန်ကူးသူတွေက ​မြိတ်မြို့ကို ​လာရောက် ​ချထားရာက ​နယ်မြေကျူးကျော် ​ဝင်လာတဲ့အမှုနဲ့ ​မြိတ်ခရိုင် ​တရားရုံးကနေ ​ထောင်ဒဏ် ​တစ်နှစ်စီ ​ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ကို ​ဖေဖော်ဝါရီလ ​၂၆ ​ရက်နေ့မှာ ​ဖမ်းမိခဲ့တာ ​ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ​စစ်တွေမြို့နယ် ​ဘူမေရွာနဲ့ ​တခြားရွာတွေကဖြစ်ကြပြီး ​ဗ ​မာ ​စ ​ကား ​ပြော ​ဆို ​တတ်ကြပေမယ့် ​မြန်မာနိုင်ငံသား ​စီစစ်ရေးကဒ်ပြားတွေ ​မရှိတဲ့အတွက် ​မှတ်ပုံတင်ရေး ​နည်းဥပဒေအရ ​အလုပ်နဲ့ ​ထောင်ဒဏ် ​တစ်နှစ် ​ချမှတ်လိုက်တာ ​ဖြစ်ပါတယ်။

တချို့လူတွေက ​သတ္တမတန်းအထိ ​ကျောင်းနေဖူးသူတွေဖြစ်ပြီး ​စစ်တွေဒေသမှာ ​လုပ်ကိုင်စားသောက်ဖို့ ​ခက်ခဲတဲ့အတွက် ​ထိုင်းနိုင်ငံမှာ ​အလုပ်လုပ်ဖို့ ​ကြိုးစားတာဖြစ်ပြီး ​လူကုန်ကူးပွဲစားတွေကို ​ကျပ်ငွေ ​တစ်သိန်းကနေ ​တစ်သိန်းခွဲအထိ ​ပေးဆောင်ခဲ့ရတယ်လို့ ​သိရပါတယ်။

ဖမ်းဆီးခံရသူ ​ရိုဟင်ဂျာ ​၄၂ ​ဦးထဲမှာ ​အသက်မပြည့်သေးတဲ့ ​ကလေးငယ် ​နှစ်ဦးလည်းပါဝင်တဲ့အတွက် ​ကလေးသူငယ် ​ဥပဒေအရ ​မြိတ်ခရိုင် ​လ၀က ​ရုံးကတဆင့် ​မိဘတွေဆီကို ​ပြန်လည် ​ပို့ဆောင်ပေးမယ်လို့သိရတဲ့အကြောင်းလည်း ​ရေဒီယိုသြစတြေးလျ ​အလွတ်သတင်းထောက် ​ရွှေမြိတ်သားလေး ​ဇော်ဇော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: