ABC
တနင်္သာရီတိုင်း မြိတ်မြို့အနီးက ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောင်ရေး သတင်းတွေကြောင့် ဒေသတဝိုက်မှာ အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်လာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။
တနသာင်္ရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပြင်းငယ်ရွာမှာ စက်မှုဇုန်တည်ဆောက်မယ်ဆိုတဲ့ သတင်းကြောင့် အဲဒီဒေသအပါအ၀င် အနီးဝန်းကျင်က ရပ်ကွက်ကျေးရွာတွေမှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားပြီး မြိတ်မြို့ပေါ်မှ သူဌေးတွေ၊ အိမ်ခြံမြေ အကျိုးဆာင်တွေက အိမ်ယာမြေတွေကို လိုက်လံဝယ်ယူနေကြတဲ့အကြောင်း ပြင်းငယ်ရွာမှ ဦးနောင်နီက ပြောပြခဲ့ပါတယ်။
အရင်က နှစ်သိန်းခွဲလောက်တန်တဲ့ မြေတစ်ကွက်ကို အခုအခါမှာ ၂၅ သိန်းလောက် ဈေးပေါက်နေတယ်လို့ ဦးနောင်နီက ပြောပြခဲ့ပါတယ်။
ပြင်းငယ်နှင့် ဆက်စပ်လျက်ရှိနေတဲ့ တောထွင်ကြီးကျေးရွာ၊ ရွှေပြည်တန်ရပ်ကွက်၊ ကုန်းဖောက်ရပ်ကွက်၊ အင်းလေး မြိုင်ရပ်ကွက်၊ ရာပြည့်ရပ်ကွက် တို့မှာလည်း အိမ်မြေဈေး တွေ မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေကပြောထားကြတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာ ဈေးတက်တယ်လို့ ဆိုပေမယ့် ၀ယ်လက်များက ငွေအပြီး မချေဘဲ စာချူပ်ထားပြီး ချုပ်ကိုင်ချင်သလို လုပ်ရပ်တွေ များနေတဲ့အတွက် ဒေသခံ အများစုက မရောင်းချင်ကြတဲ့အကြောင်း ပြင်းငယ်ဒေသမှ ဒေသခံတစ်ဦးကလည်း ရှင်းပြခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေး စက်မှုဇုံတည်ဆောက်မယ်လို့ သတင်းတွေထွက်ပေါ်စဉ်ကလည်း စက်မှုဇုန် ဧရိယာ အပြင်ဘက်တဝိုက်က အိမ်ခြံမြေဈေးနှုန်းများ ထိုးတက်သွားဖူးပြီး ကျပ်ငွေငါးသိန်းလောက်ပေါက်တဲ့ သီဟိုဌ်ခြံတစ်ဧကကို သိန်းလေးဆယ်ကနေ ငါးဆယ် အထိ ဈေး ပေါက်တာမျိုးဖြစ်ဖူးတဲ့အကြောင်း ထားဝယ်မြို့ခံ အိမ်ခြံ မြေအကျိုးဆောင် ဦးစိုးသိန်းက ပြောပြခဲ့ပါတယ်။
စက်မှုဇုန်စီမံကိန်းများ၊ ကားလမ်းမ စီမံကိန်းများ စတဲ့စီမံကိန်းများနှင့် ဆက်နွယ်ပြီး ဥယျာဉ်ခြံမြေ ဈေးနှုန်းအတက်အကျဖြစ်လေ့ရှိတဲ့အကြောင်း၊ စီမံကိန်းများ၏ အကော်အထည်ဖော်မှု အပေါ်မှာ မူတည်ပြီးတော့လည်း ဈေးနှုန်းတွေ ပြောင်းလေ့ရှိတဲ့အကြာင်းလည်း ဦးစိုးသိန်းက ပြောသည်။
မြိတ်ဖက်ကို မြေယာဝယ်ဖို့ လူအတော်များများ သွားကြတယ်လို့ သတင်းတွေကြားရပေမယ့်လည်း ထားဝယ်စီမံကိန်းသတင်းတွေကြောင့် မြေယာဝယ်ယူမှုတွေမှာ နစ်နာခဲ့ရတာတွေရှိခဲ့တဲ့ သာဓကတွေကြောင့် မြိတ်ဒေသခံတွေ အနေနဲ့တော့ နစ်နာမှု မဆိုးဝါးလောက်ဘူးလို့ ထင်တဲ့အကြောင်းလည်း ဆိုပါတယ်။
မြိတ်မြို့နယ် မြို့သစ်မှာ ငါး၊ပုစွန် အအေးခန်း စက်ရုံတွေနဲ့ ယောကြီးဝ ချောင်းတစ်ဘက်ကမ်းမှာ မြိတ်ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကို မလေးရှားနိုင်ငံ SHEI PHIA Holding SDN BHD နဲ့ The New Light Shiping Line မြန်မာနိုင်ငံ အများပိုင် ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၄၀ ရှိတဲ့အကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment