Sunday, March 10, 2013

ဖလမ်းမြို့ရဲတပ်ဖွဲ့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းကို ကန့်သတ်ချုပ်ခြယ်မှု များရှိခဲ့

ကျော်သူစိုး(ကလေးမြို့)

ရိခေါဒါးရ်မြို့မှ ဖလမ်းမြို့သို့ ညတွင်းချင်း ခရီးဆက်လာသောမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ဦးဆောင်လာသည့်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလု့အဖွဲ့အစည်း၏ ဟောပြောပွဲကို ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှ ချုပ်ခြယ် ကန့်သတ် ခြိမ်းခြောက်မှု များရှိခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

ဖလမ်းမြို့နယ် ခန်းမတွင် ဟောပြောရန်နှင့် ဆောက်လုပ်ရေး တည်းခိုရိပ်သာတွင်တည်းခိုရန် စီစဉ်ထားခဲ့ သော်လည်း ကြိုတင် စီစဉ်ထားခဲ့ သည့်အဆိုပါ နေရာများတွင် ပြုလုပ်ခွင့် မရရှိခဲ့ပဲ ဖလမ်းမြို့၊ ဥုးအရိယ၀ံသ၏ဗဟိုသာသနာပြု ကျောင်းတွင် တည်းခိုခဲ့ကြရပြီး ဖလမ်းနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့ခန်းမတွင် ဟောပြောပွဲပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

ဟောပြောခွင့် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ ၂၈.၂.၁၃)ရက်နေ့မှစ၍ဒေသခံလူငယ်များက ခွင့်ပြုစာ တင်ရာတွင် ၅ကြိမ်ခန့် ပြန် ပြင်ရေးခိုင်းခဲ့ကြောင်း၊ ၀န်ထမ်းများကိုဟောပြောပွဲသို့မတက်ရန် နှုတ်ဖြင့်တားမြစ်မှုများရှိခဲ့ကြောင်း၊ လူဦးရေ ၅၀ဦးခန့်သာ တက်ရောက်ခွင့် ပေးခဲ့ကြောင်း စသည့်ကန့်သတ်ချုပ်ခြယ်မှုများ ရှိခဲ့ကြောင်းကိုငြိမ်းချမ်းရေးနှင့် ပွင့်လင်းခရီးစဉ် ဟောပြောပွဲ စီစဉ်သည့် ဖလမ်းမြို့လူငယ် တစ် ဦး ကပြောကြားသည်။

“ နိုင်ငံတော် သမ္မတကိုယ်တိုင်က နိုင်ငံရေးကို ပြည်သူတွေ စိတ်ဝင်စားဖို့တိုက်တွန်းနေချိန်မှာ ပြည်နယ်၊ ခရိုင်အစိုးရအဖွဲ့ တွေက၀န်ထမ်း တွေ ဟောပြောပွဲမတက်ဖို့ တားမြစ်ခြိမ်းခြောက်နေတာ ဘာသဘောလဲ။အမိန့်နှင့်ခြိမ်းခြောက်လို့ မရဘူး။ ရတဲ့နည်းကိုသုံးပြီးပြည်သူတွေ နှင့်လက်တွဲနိုင်အောင် ကြိုးစားသွားမယ် ”ဟု ကိုကိုကြီးကပြောပြခဲ့ပါသည်။

၈၈-မျိုးဆက် ကျောင်းသားများ၏ ချင်းပြည်နယ်သို့ငြိမ်းချမ်းရေးနှင့် ပွင့်လင်းခရီးစဉ်တွင် တီးတိန်မြို့၊ ရိခေါဒါးရ်မြို့၊ဖလမ်းမြို့နှင့် ဟားခါးမြို့များသို့ ရောက်ရှိခဲ့ကြပါသည်။ရောက်ရှိသည့်မြို့တိုင်းတွင် ဒေသခံ ချင်းတိုင်းရင်းသားများနှင့်ရင်းနှီးပွင့်လင်းစွာပြောဆို ဆွေးနွေးခဲ့ကြပြီးဒေ သခံချင်းတိုင်းရင်းသားများဘက်မှ ချင်းတောင်ပေါ်တွင်သောက်ရေရှားပါးခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ ကားလမ်းများ မကောင်းခြင်း၊ချင်း တောင် တန်းရှိ စာသင်ကျောင်းများတွင် ဗမာစကား နားမလည်သည့် ချင်းတိုင်းရင်းသား ကျောင်းသူ၊ ကျောင်းသားများကို ဆရာ၊ ဆရာမများ ကဗမာစကားဖြင့်သာ သင်ကြား ပေး ကြသည့် အတွက်ချင်းပြည် နယ် ပညာရေးနိမ့်ကျမှုရှိကြောင်း၊မူလတန်းကျောင်းဆောင်ဆောက်ရန်အ စိုး ရက ဘတ်ဂျက်ချပေးထားသည်ဟု သိရသော်လည်း ကျောင်းဆောက်ချိန်တွင်ကျောင်းသား၊ ကျောင်းသူများကို လုပ်အားပေး ခိုင်း ခြင်းတို့ ရှိ ကြောင်း၊နိုင်ငံခြားသားတွေကို ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ခွင့် မပြုခြင်းများရှိကြောင်း၊ ဖက်ဒရယ် စနစ်ကို ကျင့်သုံးမည် ဆိုလျှင် မည့်သည့်နိုင်ငံ၏ ဖက်ဒရယ် စနစ်မျိုးကို ကျင့်သုံးလျှင် ကောင်း မည်နည်း ဟူသောဒေသခံချင်းတိုင်း ရင်းသားများ၏ မေးခွန်းများ၊ အဆိုများ ကိုငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းကလည်း ပွင့်လင်းမြင်သာစွာပြန်လည် ဆွေးနွေး ပေးခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းခရီးစဉ်သည်ပထမဆုံးအကြိမ်ဖြစ်ပြီး (၇.၃.၁၃)ရက်နေ့မှ (၉.၃.၁၃)ရက်နေ့အထိ ကြာခဲ့ပြီး လမ်း ခရီးကြမ်းတမ်းမှုဒါဏ် နှင့် ဟောပြောခွင့်ပိတ်ပင်မှုများ၊အချိန်မကိုက် ညီမှုများ ကြုံတွေ့ခဲ့ကြရကြောင်းသိရပါသည်။

No comments: