Thursday, March 14, 2013

သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံ သွားပြီ

ABC

မြန်မာ ​​နိုင်ငံ ​​သမ္မတ ​​ဦးသိန်းစိန်ဟာ ​ကမ္ဘာ့ ​​တောင်ဖက်ခြမ်းမှာ ​​ရှိတဲ့ ​​နယူးဇီလန် ​​နိုင်ငံ ​​နဲ့ ​​သြစတြေးလျ ​​နိုင်ငံကို ​လည်ပတ်ဖို့ ​မနေ့ကစပြီး ​နေပြည်တော် ​လေဆိပ်ကနေ ​ထွက်ခွာသွားပြီ ​ဖြစ်ပါတယ်။

နယူးဇီလန် ​​နိုင်ငံ ​​ဝန်ကြီးချုပ် ​​ဂျွန်ကီးနဲ့ ​​သြစတြေးလျ ​​နိုင်ငံ ​​ဘုရင်ခံ ​​ချုပ် ​​ကွင်တင်ဘရိုက်စ် ​​တို့ ​​ရဲ့ ​​တရားဝင် ​​ဖိတ်ခေါ်ချက်နဲ့ ​​လာရောက်လည်ပတ်မှာဖြစ်ပါတယ်။

သမ္မတ ​​ဦးသိန်းစိန်က ​​ပြီးခဲ့ ​​တဲ့ ​​နှစ် ​​ဒီဇင်ဘာလ ​​တုံးက ​သြစတြေးလျနိုင်ငံကို ​​လာရောက်လည်ပတ်ဖို့ ​​အစီအစဉ်ကို ​​ရွေ့ဆိုင်း ​​ခဲ့ပြီး ​​ဒီတနင်္ဂနွေနေ့မှ ​​လာ​ဖြစ်တော့မှာ ​​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​သြစတြေးလျနိုင်ငံခရီးစဉ် ​အတွင်း ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလဒ်နဲ့ ​တွေ့ဆုံပြီး ​သြစတြေးလျနိုင်ငံက ​စီးပွားရေးလုပ်ငန်းရှင်အဖွဲ့နဲ့ ​တွေ့ဆုံဖို့ ​ရှိပါတယ်။

သြစတြေးလျနိုင်ငံကို ​ဒုတိယမြောက် ​မြန်မာနိုင်ငံ ​ထိပ်တန်း ​ခေါင်းဆောင်တစ်ဦးအနေနဲ့ ​လာရောက်လည်ပတ်တာဖြစ်ပြီး ​ပထမလာရောက်လည်ပတ်တဲ့ ​ထိပ်တန်း ​ပုဂ္ဂိုလ်ကတော့ ​၁၉၇၄ ​ခုနှစ်က ​လာရောက် ​လည်ပတ်ခဲ့တဲ့ ​ဦးနေဝင်းပဲ ​ဖြစ်ပါတယ်။

No comments: