Friday, March 8, 2013

မြန်မာပြောင်းလဲမှုဟာ ဖြစ်ရပ်မှန်နဲ့ ကွာလို့ ကုလပြော

ABC

ကုလသမဂ္ဂရဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​Tomas ​Ojea ​Quintana ​သောမတ်စ် ​အိုဟေးကင်တားနားက ​မြန်မာ ​နိုင်ငံရဲ့ ​ထိပ်တန်းက ​အပြောင်းအလဲတွေဟာ ​အောက်ခြေသိမ်းက ​ဖြစ်ရပ်မှန်တွေ ​နဲ့ ​ကွာခြားမှုတွေ ​အများကြီးရှိ ​နေတဲ့အကြောင်း၊ ​ရခိုင်ပြည် ​အရေးနဲ့ ​ကချင် ​ပြဿနာ ​ဟာလဲ ​မြန်မာနိုင်ငံရဲ့ ​ကောင်းတဲ့ ​ပြောင်းလဲမှုတွေ ​ကို ​ပယ်ဖျက် သွား ​နိုင်တယ်လို့ ​သတိပေး ​ပြောကြား ​လိုက်ပါတယ်။

မြန်မာ ​နိုင်ငံကို ​ပြီးခဲ့တဲ့ ​တလက ​၅ရက်ကြာ ​လာရောက် ​လေ့လာပြီးနောက် ​သောမတ်စ် ​အိုဟေးကင်တားနားက ​ကုလသမဂ္ဂကိုအစီရင် ​ခံရာမှာ ​အခုလို ​ထည့်သွင်း ​ပြောဆို ​သွားတာ ​ဖြစ်ပါ တယ်။

ခရီးစဉ်အတွင်း ​ဒေါ်အောင်ဆန်းစုကြည် ​အပါအဝင် ​ဝန်ကြီးတွေ ​အ ​ကျဉ်း ​သား ​တွေနဲ့ ​တွေ့ဆုံ ​ဆွေးနွှေးတဲ့အပြင်၊ ​ဒုက္ခသည် ​စခန်းတွေက ​ဒုက္ခသည်တွေကိုလဲ ​သွားရောက်တွေ့ဆုံခဲ့ ​ပါ တယ်။

အစီရင်ခံစာထဲမှာ ​Tomas ​Ojea ​Quintana ​က ​ရခိုင်ပြည်မှာ ​ဖြစ်နေတဲ့ ​အရေးဟာ ​ထိထိရောက်ရောက် ​မထိန်းချုပ်ရင် ​တနိုင်ငံလုံးအတိုင်း ​အတာ ​အထိ ​ထိခိုက် ​နိုင်တဲ့အကြောင်း၊ ​ကချင် ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​လူ့အခွင့် ​အရေး ​ဖေါက်ဖျက် ​မှုတွေဟာ၊ ​မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲ ​တိုးတက်စ ​ဖြစ်နေတဲ့ ​နိုင်ငံရေးအခြေ ​အနေပေါ် ​အဟန့် ​အတား ​ဖြစ်လာ ​နေတဲ့ ​အကြောင်း တွေ ​ပါရှိပါတယ်။

ရခိုင်ပြည်နယ် ​အရေး ​အခင်းကြောင့် ​မူစလင် ​ဘာသာဝင်တွေ ​ရောဗုဒ္ဓ ​ဘာသာဝင်တွေ ​မှာ ​ဆိုးကျိုးတွေကို ​ဆက်လက် ​ခံစား ​နေရတယ်လို့ ​ဆိုထားပါတယ်။

မြန်မာ ​နိုင်ငံမှာ ​နိုင်ငံသားအဖြစ် ​မသတ်မှတ်ထားတဲ့ ​ရိုဟင်ဂျာတွေ ​မြန်မာ ​နိုင်ငံမှာ ​၈ ​သိန်းလောက် ​နေထိုင်ကြပြီး ​မြန်မာ ​အစိုးရကို ​သူတို့အပေါ်နှိမ်နင်းတဲ့ ​သတ်မှတ်ချက် ​တွေ ​ကို ​ဖယ်ရှား ပေး ​ဖို့ ​အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ​ငြိမ်းချမ်းစွာ ​ဆန္ဒပြမှု ​တွေမှာ ​ပါဝင် ​တဲ့ ​အတွက် ​အဖမ်းခံ ​အကျဉ်းချ ​နိုင်သေးတဲ့ ​အတွက် ​ဒီဥပဒေ ​ကို ​ဖယ်ရှားဖို့ ​လိုအပ်တဲ့ ​အကြောင်း၊ ​တရားစီရင်ဆုံးဖြတ်မှုတွေမှာ၊ ​တရား ရေး ​နဲ့ ​အစိုး ​ရ ​စီမံကွပ်ကဲေ၇း ​ကင်းကွာ ​မှု၊ ​လွတ်လပ်မှု ​ဆိုတာ ​မတွေ့ ​ရ ​သေးဘူးလို့ပါရှိပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ​အင်တာနက်တွေကို ​လွတ်လွတ်လပ်လပ် ​အသုံးပြုခွင့်ရှိတာတွေ ​နဲ့ ​အကျဉ်းချခံနေရတဲ့ ​အကျဉ်းသားတွေကို ​သွားရောက် ​ကြည့် ​ရှုဖို့ ​ခွင့်ပြု ​တဲ့ ​အပေါ်ချီးကျူးပြောဆို ခဲ့ပါတယ်။

ပြီးခဲ့ ​တဲ့လပိုင်းတွေ ​အတွင်း ​ပိုမို ​ဆိုးဝါးလာ ​တဲ့ ​ကချင်ပြည်နယ်တွင်း ​တိုက်လေယဉ်တွေ ​အသုံးချ ​တိုက်ခိုက်တာတွေ၊ ​နိုင်ငံသား ​တွေ ​အပေါ်တိုက်ခိုက်မှုတွေ၊ ​တရားစီရင် ​ဆုံးဖြတ်မှု ​မ ​ရှိ ​ဘဲ ​သတ်ဖြတ်တာတွေ၊ ​ဖမ်းစီးတာတွေ ​ရှိ ​နေသေးတဲ့အကြောင်းတွေကို ​အစီရင်ခံစာ ​ထဲမှာ ​ထည့်သွင်းဖေါ်ပြထားပါတယ်။

No comments: