ABC
အင်တာနက်လောကမှာ နာမည်ကြီးလှတဲ့ ဂူးဂယ်လ် ကုမ္ပဏီရဲ့ ဥက္ကဌ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်တဲ့အတွက် မြန်မာအင်တာ နက်လောကမှာ တိုးတက်ဖွံ့ဖြိုးမှုတွေ ပိုရှိလာလိမ့်မယ်လို့ မျော်လင့် နကြပါတယ်။
ဂူးဂယ်လ် ကုမ္ပဏီဥက္ကဌ Eric Schmit က သောကြာနေ့မှာ ရန်ကုန်မြို့မှာ စက်မှုပိုင်း ဆိုင်ရာ ဟောပြောမှု တစ်ခု ပြုလုပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူ သန်းနဲ့ချီကို ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ သိရအောင် ဆောင်ရွက်ပေးတဲ့ ဂူးဂယ်လ် အသုံးပြုသူတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းလုပ်ကိုင်မှုတွေ လုပ်ဖို့ ဂူးဂယ်လ်ဥက္ကဌက မျော်လင့် ထားပါတယ်။
ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံနိုင်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယခင်စစ်အစိုးရလက်ထက်အတွင်း မြန်မာနိုင်ငံ အင်တာနက်ဟာ အတော့်ကို နောက်ကျခဲ့ပြီး အီလက်ထရောနစ်နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချ မှတ် မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။
ခုအခါမှာ ဥပဒေတချို့ ဆက်လက်တည်ရှိနေပေမယ့် အင်တာနက်မှာ တိုးတက်မှုတွေ ရှိလာပါတယ်။
အရင်တုန်းကတော့ ၈၈ အရေးတော်ပုံလို အရေးကြီးတဲ့ နှစ်ပတ်လည်နေ့တွေမှာ အင်တာနက်ကို တမင်တကာ နှေးကွေးအောင် ပြုလုပ်ထား တာတွေ၊ ပြည်ပက ဝဘ်ဆိုက်တွေထဲ ဝင်ကြည့်လို့မရအောင် လုပ်ဆောင်ထားတာတွေလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက် မြန်မာအင်တာနက်လောကမှာ တိုးတက်မှုတွေရှိလာပြီး ပြည်ပက သ တင်းဝဘ်ဆိုက်တွေကို ပိတ်ပင်မှုတွေမလုပ်တော့ပေမယ့် တချို့နေရာမှာ နောက်ကျနေသေးတဲ့အတွက် ဂူးဂယ်လ်ကုမ္ပဏီဥက္ကဌ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပြီးနောက် တိုးတက်မှုတွေ ပိုရှိလာလိမ့်မယ်လို့ မျော်လင့်နေကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment