Friday, March 15, 2013

ချင်းတိုင်းရင်းသားအနွယ်ဝင်သတ်မှတ်မှု နာဂလူမျိုးတွေ မကျေနပ်

ABC

နာဂလူမျိုးတွေကို ​ချင်းလူမျိုးတွေအောက်မှာ ​ထည့်သွင်းဖော်ပြတာကို ​ကန့်ကွက်ပြီး ​နာဂလူမျိုးကို ​သီးခြားတိုင်းရင်းသား ​မျိုးနွယ်စုအဖြစ် ​သတ်မှတ်ပေးဖို့ ​တောင်းဆိုချက် တွေ ​ရှိနေတယ်လို့ ​သိရပါတယ်။

နေပြည်တော် ​လွှတ်တော်မှာပြုလုပ်တဲ့ ​ပြည်သူ့လွှတ်တော် ​အစည်းအဝေးမှာ ​မျိုးနွယ်စု ​၁၃၅ ​မျိုးနဲ့ ​ပတ်သက်တဲ့ ​မေးခွန်းဖြေကြားရာမှာ ​လူဝင်မှုကြီးကြပ်ရေးနှင့် ​ပြည်သူ့အင်အား ​၀န်ကြီးဌာန ​ဒုတိယ၀န်ကြီး ​ဦးဝင်းမြင့်က ​နာဂလူမျိုးကို ​ချင်းမျိုးနွယ်စု ​၅၃ ​စုထဲမှာ ​ထည့်သွင်းထားတဲ့ အကြောင်း ​ဖြေကြားခဲ့တဲ့အပေါ် ​ကျေနပ်မှု ​မရှိကြတာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

နိုင်ငံတော် ​ဒုဝန်ကြီးတစ်ယောက် ​ရဲ့ ​ဒီလိုမျိုးဖော်ပြချက်ဟာ ​တိုင်းရင်းသား ​စည်းလုံးညီညွတ်ရေးကို ​ပျက်ပြား ​စေတဲ့အပြင် ​မလိုလားအပ်တဲ့ ပြဿ ​နာတွေ ​အဓိကရုန်းတွေ ​ရှိနိုင်လာတယ်လို့ ​နာဂကျောင်းသား ​လူငယ်များအဖွဲ့ချုပ် ​(ရန်ကုန်)မှ ​ဥက္ကဋ္ဌ ​ဦးနော်အောင်ဆန်းက ​ပြောပါ တယ်။

“ကျွန်တော်တို့နာဂတိုင်းရင်းသားတွေဆိုတာ ​တိဘက် ​နယ်မြေကနေဆင်းသက်လာပြီး ​မွန်ဂိုလိတ် ​လူမျိုး ​ထဲမှာလည်း ​ကျွန်တော်တို့ပါဝင်ပါ တယ်။ဒါကြောင့်မို့လို့ ​ဆင်းသက်လာတဲ့ ​သမိုင်းကြောင်း ​အရရော။ ​ယဉ်ကျေးမှုအရရော။ ​ဘာသာစကားအရရော ​သီးသန့်နေတဲ့ ​လူမျိုးဖြစ်ပါ တယ်။ ​ဒါကိုနိုင်ငံတော်ကလည်း ​သိသိကြီးဒါကိုဘာကြောင့်မို့ ​ချင်းလူမျိုးအောက်ကို ​ထည့်သွင်းရလဲဆိုတာ ​ကျွန်တော်တို့လည်းစဉ်းစား လို့ ​မရလောက်အောင် ​ဖြစ်နေပါတယ်။ ​၁၉၈၃ ​ကနေပြီးတော့ ​ကောက်ခံတဲ့ ​သန်းကောင်စာရင်းကို ​အခြေခံပြီး ​ကောက်ခံတဲ့ ​စာရင်းတွေကိုဖေါ် ထုတ်ပြသတဲ့အခါမှာလည်း ​ကျွန်တော်တို့နာဂတိုင်းရင်းသား ​လူ မျိုးတွေတင်မကဘဲနဲ့ ​အခြားသော ​တိုင်းရင်းသားတွေဟာလည်း ​ကွာခြားနေ တာ ​ရှိတယ်။ ​ဒါကြောင့် ​ကျွန်တော်တို့ ​လုံးဝလက်ခံနိုင်စရာ ​မရှိပါဘူး။ ​စိတ်အနာတရ ​ဖြစ်စေတာက ​သမိုင်းတစ်လျှောက် ​နာဂဆိုတဲ့ ​လူမျိုး တစ်မျိုးသီးသန့် ​ရှိနေပါလျက် ​ဘာကြောင့်မို့လို့ ​တခြားလူမျိုးတစ်မျိုးရဲ့ ​အောက်ကို ​သွားပြီးတော့ ​ထည့်ရသလဲဆိုတာ နားမလည်နိုင်တဲ့ အ ရာပါ”

နာဂ ​တိုင်းရင်းသားတွေဟာ ​မြန်မာနိုင်ငံမှာ ​သီးခြားမျိုးနွယ်စု ​ဖြစ်တဲ့ ​အကြောင်း ​နန်းယွန်း၊ ​ခန္တီးနဲ့ ​လေရှီးမဲဆန္ဒနယ်တို့က ​ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ​၃ ​ဦးတို့က ​လွှတ်တော်၊ ​၀န်ကြီးဋ္ဌာနတွေ ​ကို ​ပြီးခဲ့တဲ့ ​မတ်လ ​၅ ​ရက်နေ့က ​စာရေးသားတောင်းဆိုခဲ့ကြတယ်လို့လည်းသိရ ပါတယ်။

မြန်မာနိုင်ငံမှာ ​ကချင်၊ ​ကယား၊ ​ကရင်၊ ​ချင်း၊ ​ဗမာ၊ ​မွန်၊ ​ရခိုင်၊ ​ရှမ်း ​အဓိကတိုင်းရင်းသားလူမျိုးစုတွေရှိရာမှာ ​ ကချင်မျိုးနွယ်စု ​၁၂ ​စု၊ ​ကယား မျိုးနွယ်စု ​၉ ​ခု၊ ​ကရင်မျိုးနွယ်စု ​၁၁ ​စု၊ ​ချင်းမျိုးနွယ်စု ​၅၃ ​စု၊ ​ဗမာမျိုးနွယ်စု၉ ​စု၊ ​မွန်မျိုးနွယ်စု ​၁ ​စု၊ ​ရခိုင်မျိုးနွယ်စု ​၇ ​စု၊ ​ရှမ်းမျိုးနွယ်စု ​၃၃ ​စု၊ ​စုစုပေါင်း ​၁၃၅ ​မျိုး ​ရှိတယ်လို့လွတ်တော်မှာဖော်ပြထားပါတယ်။

No comments: