Wednesday, March 6, 2013

ရေနံလုပ်ကွက် ၃၀ ကျော်ကို မြန်မာကပြည်ပကို လုပ်ခွင့်ပေး

ABC

မြန်မာနိုင်ငံရှိ ​ကမ်းလွန်ရေနံလုပ်ကွက် ​၂၅ ​ခုနဲ့ ​ကုန်းတွင်း ​လုပ်ကွက် ​၁၈ ​ခုကို ​နိုင်ငံခြားကုမ္ပဏီတွေကို ​လုပ်ခွင့်ပေးတော့မယ်လို့ ​မြန်မာနိုင်ငံ ​စွမ်းအင်ဝန်ကြီးဌာနက ​ပြော လိုက်ပါတယ်။

ကမ်းလွန်ရေနံလုပ်ကွက် ​၂၅ ​ခုမှာ ​လုပ်ပိုင်ခွင့်ရဖို့ ​တင်ဒါစနစ်နဲ့ ​ဧပြီလမှာ ​စတင်သွားမှာဖြစ်ပြီး ​လုပ်ခွင့်ရဖို့အတွက် ​အဓိကရေနံကုမ္ပဏီ တွေ ဖြစ်တဲ့ ​BP, ​Woodside, ​Shell ​နဲ့ ​Chevron ​ကုမ္ပဏီတို့က ​ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

မြန်မာ့ရေနံနဲ့ ​သဘာဝဓာတ်ငွေ့ ​လုပ်ငန်းဟာ ​မြန်မာထုတ်ကုန် ​တန်ဖိုးရဲ့ ​၃၄% ​ရှိတဲ့အတွက် ​မြန်မာနိုင်ငံ ​ဖွံ့ဖြိုးတိုးတက်မှုအတွက် ​အဓိက ​က ​ဏ္ဍ ​ဖြစ်နေ ​တယ်လို့ ​လေ့လာသူတွေက ​ပြောပါတယ်။

ကမ်းလွန် ​ရေနံလုပ်ငန်းမှာ ​ရေနံရှာဖွေတူးဖော်ရေးတွေ၊ ​စက်ပိုင်းဆိုင်ရာနည်းပညာတွေ ​အများအပြား ​လိုအပ်တဲ့အတွက် ​ငွေရေးကြေးရေး ​တောင့်တင်းပြီး ​အတွေ့အကြုံရှိတဲ့ ​ကုမ္ပဏီတွေသာ ​လုပ်ကိုင်နိုင်မယ့် အကြောင်း ​ပြည်တွင်း ​ကုမ္ပဏီတွေက ​ငွေရေးကြေးရေး ​တတ်နိုင်မှာ ​မ ဟုတ်တဲ့အတွက် ​ပြည်ပကုမ္ပဏီတွေ ​အပြည့်အဝ ​ပိုင်ဆိုင်မှု ​ရနိုင်မှာ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေကို ​လုပ်ကွက် ​၃ ​ကွက်အထိသာ ​လုပ်ကိုင်ခွင့်ပေးမှာဖြစ်ကြောင်းလည်း ​သိရပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာ့ကုန်းတွင်းပိုင်း ​ရေနံလုပ်ကွက် ​၁၈ ​ကွက်ကို ​နိုင်ငံခြား ​ကုမ္ပဏီတွေကို ​လုပ်ခွင့်ပေးတော့မယ်လို့ ​မြန်မာ့ရေနံနဲ့သဘာဝဓါတ် ငွေ့ ​လုပ်ငန်းက ​ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ ​အရှေ့ဘက်က ​ရှမ်းကုန်းပြင်မြင့်၊ ​အလယ်ပိုင်းချိုင့်ဝှမ်းနဲ့ ​ရခိုင်ရိုးမဒေသရှိ ​ရေနံလုပ်ကွက် ​၁၈ ​ကွက်ကို ​လုပ်ခွင့်ပေးတာဖြစ်ပြီး ​အဲ ဒီထဲက ​အလယ်ပိုင်းချိုင့်ဝမ်း ​ဒေသမှာတော့ ​ရေနံထွက်ရှိမှု ​အများ ဆုံး ​ဖြစ်တယ်လို့ ​သိရပါတယ်။

မြန်မာ့ရေနံနဲ့ ​သဘာဝဓါတ်ငွေ့လုပ်ငန်းဖွံ့ဖြိုး ​တိုးတက်ဖို့ ​နိုင်ငံ ​၅၀ ​ကျော်ပါဝင်တဲ့ ​ကိုယ်စားလှယ်တွေနဲ့ ​မြန်မာအစိုးရတို့ ​မတ်လ ​၄ ​ရက်နေ့ကနေ ​၆ ​ရက်နေ့ထိ ​ရန်ကုန်မြို့မှာ ​ဆွေးနွေးနေကြတယ်လို့လည်း ​စွမ်းအင်ဝန်ကြီးဌါန၀န်ကြီး ​ဦးသန်းဌေးက ​ပြောပါတယ်။

ဆွေးနွေးပွဲမှာ ​အနောက်နိုင်ငံက ​ကုမ္ပဏီတွေ ​များပြားကြောင်း ​အရင်တုန်းက ​တရုတ်၊ ​ထိုင်း၊ ​မလေးရှား၊ ​အင်ဒိုနီးရှား၊ ​အိန္ဒိယနိုင်ငံ ​အစရှိတဲ့ ​အာရှတိုက်က ​ကုမ္ပဏီတွေသာ ​စိတ်ဝင်စားပေမယ့် ​မြန်မာနိုင်ငံ ​ပြောင်းလဲလာတာနဲ့အမျှ ​အနောက်တိုင်းနိုင်ငံတွေ ​ဝင်လာနေကြပြီလို့ ​ပါရမီလို့ခေါ်တဲ့ ​ပုဂ္ဂလိက ​ရေနံနှင့်သဘာဝ ​ဓါတ်ငွေ့လုပ်ငန်းကုမ္ပဏီ ​အကြီးအကဲ ​ဦးနုက ​ပြောပါတယ်။

လက်ရှိမှာတော့ ​မြန်မာနိုင်ငံကနေ ​လုပ်ကိုင်နေတဲ့လုပ်ကွက်တွေရှိသလို ​တခြားသူတွေကို ​လုပ်ခွင့်ပေးလိုတဲ့ ​လုပ်ကွက်တွေရှိတဲ့အကြောင်း ​ကုန်းတွင်းရေနံလုပ်ကွက်တွေမှာ ​ရေနံတွေ ​ဒိထက် ​ပိုထွက်နိုင်မလား၊ ​မထွက်ဘူးလားဆိုတာတွေကို ​သိရှိဖို့ ​ရင်းနှီးမြုပ်နှံသူတွေရဲ့ ​နည်းပညာ ပေါ် ​မူတည်ကြောင်းလည်း ​မြန်မာ့ရေနံနဲ့ ​သဘာဝဓာတ်ငွေ့လုပ်ငန်း ​အထွေထွေ ​မန်နေဂျာ ​ဦးကျော်ဥာဏ်ထွန်း ​က ​ပြောခဲ့တဲ့အကြောင်း ​ရေ ဒီယိုသြစတြေးလျ ​သတင်းထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: