ABC
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် လားရှိုးမြို့ မှာမတ်လ ၂၀ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး ရှမ်းနဲ့ ကယားပြည်နယ် အတွင်းက နိုင်ငံရေးပါတီတွေ၊ လက် နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ၂၁ဖွဲ့က စည်းဝေးပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းဝေးပွဲဖြစ်မြောက်ရေးနဲ့ပတ်သက်လို့ SNLD ကပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က အခုလို ပြောပြပါတယ်။
“အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို အားလုံးပါဝင်တဲ့ အစည်းအဝေး တခု အစိုး ရကလုပ်မယ်လေ၊ ဒီလိုသူတို့ပြောထားတာရှိတော့ ကျနော်တို့ လူမျိုးစုတွေကနေပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို ၂၁ရာစု ပင်လုံကဲ့သို့သောညီလာခံတခုကျင်းပဖို့ ဆိုပြီးတော့ တာဝန် ပေးထားတာ ရှိတယ်၊ အားလုံးပါဝင်တဲ့ ညီလာခံကြီးတခု စတော့မယ်လို့ ထင်တဲ့အတွက် အောက်ခြေ ကနေ စပြီးတော့ ဖြည်းဖြည်းချင်း လုပ်နေကြပါတယ်။”
စည်းဝေးပွဲကိုတက်ရောက်ဖို့အတွက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တခုလုံးမှာရှိတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၂ပါတီနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက် ကိုင်အဖွဲ့ အစည်း ၁၃ဖွဲ့ အားလုံးပေါင်း ၂၅ဖွဲ့ကို ငြိမ်းချမ်းရေး အတွက် ယုံကြည် မှုတည်ဆောက်ခြင်းခေါင်းစဉ်နဲ့ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့ တာဖြစ် ပါတယ်။ မနေ့ကစတင်ကျင်းပခဲ့တဲ့အစည်းအဝေးမှာ တက်ရောက် လာတဲ့ အဖွဲ့ပေါင်း ၂၁ဖွဲ့ရှိတယ်လို့ သိရပါ တယ်။
ဆွေးနွေးပွဲပထမနေ့မှာ တက်ရောက် လာတဲ့ အဖွဲ့အစည်းတွေက ဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဦးစိုင်းညွန့်လွင်က အခုလို ဆက်ပြော ပါတယ်။
“အဲဒီမှာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ယုံကြည်ဖို့ ၊ နောက်ငြိမ်းချမ်းရေးကို ဘယ်လို ဆောင်ရွက် ကြမလဲပေါ့၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် တည်ထောင်ဖို့အတွက်ကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်ပုံဘယ်နည်း ပါဝင်ဆောင်ရွက်ပေးမလဲ ဆိုတဲ့ အချက် တွေ ဆွေးနွေး ပါတယ်။”
အစည်းအဝေးကို ၃၇က်ကြာကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးရက်မှာ ဆွေးနွေး ပွဲဆုံးဖြတ် ချက်တွေကို ထုတ်ပြန်သွားဖို့ ရှိသလို သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့လည်း ရှိတယ်လို့ ပြောပါတယ်။ ဒီအစည်း အဝေးကို တိုင်းရင်းသား အဖွဲ့ ၂၁ဖွဲ့ တက်ရောက်လာတဲ့အပြင် ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ သမတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီးတွေ၊ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေ လည်း တက် ရောက်လာတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ခဲ့တာဖြစ် ပါတယ်။
No comments:
Post a Comment